"ဟာ....ကိုကိုပြန်ရောက်ပြီလား..."
"ညစ်ပတ်နေတာပဲ ဘယ်ကပြန်လာတာလဲ?..."
"ဟိုဘက်ခြံကလေ သရက်သီးသွားခူးတာ...ဟီးဟီး...
ကိုကို နေဦးနော် ကျွန်တော်ရေသွားခပ်ပေးမယ်..""အင်းအင်း...
အဂ္ဂလည်း ဆိုဖာမှာထိုင်ချလိုက်ပြီး..ရေသွားခပ်နေတဲ့ Leoပြန်အလာကိုစောင့်နေလိုက်သည်..။
"ရေအေးအေးလေး ရပါပြီ...အင့်...
ကိုကိုအမောပြေအောင်သောက်လိုက်နော်...""အင်း..."
ရေကိုမော့သောက်ပြီးတာနဲ့ Leoကိုဖန်ခွက်ပြန်ပေးလိုက်ကာ အဂ္ဂလည်းဆိုဖာကနေထလိုက်သည်..။ အခန်းရှိရာဆီသို့ လျှောက်လာလေသည်..။ Leoကလည်း ဖန်ခွက်ကိုင်ပြီး အဂ္ဂရဲ့အနောက်ကနေ တကောက်ကောက်လိုက်လာသည်..။
"အဲ့အိမ်မှာ လူတွေရှိတယ်မဟုတ်ဘူးလား..."
"ဟုတ်တယ်လေ...
ကိုနေရဲ့ယောက်ျား...အယ်....
ကိုရိုးစေရာတို့လေ...""သူ့နာမည်တောင် သိတယ်လား..."
"ဟုတ်တယ်...
ခုနတုန်းကမှ သူငယ်ချင်းဖြစ်သွားတာလေ..."သူငယ်ချင်းဆိုတဲ့စကားကြောင့် အဂ္ဂလျှောက်နေရင်း ခြေလှမ်းတွေရပ်တန့်သွားလေသည်..။
"သူငယ်ချင်း?..."
"ဟုတ်...ကိုလေးက အရမ်းခင်ဖို့ကောင်းတယ်..
ပြီးတော့မောင်ခန့်ဆိုတဲ့ကိုလေးရဲ့ညီလည်း ရှိတယ်...
ပြီးတော့ ကိုလေးရဲ့သား စစ်လေးကလည်း ချစ်စရာလေး သိလား...""အခု ရိုးစေရာကို ကိုလေးလို့ခေါ်နေတာလား..."
"အင်းလေ...မောင်ခန့်တို့လည်း အဲ့လိုခေါ်တယ်လေ...
အဲ့တာကြောင့် ကျွန်တော်လည်းခေါ်တာ..."အဂ္ဂ မျက်နှာပျက်သွားပေမယ့် ချက်ချင်းပြန်ထိန်းလိုက်သည်..။
"ဖန်ခွက်ကိုသွားပြန်ထားလိုက်ဦး..."
"ဟီးဟီး...ဟုတ်သားပဲ...
ကိုလေးအကြောင်းပြောပြချင်တာနဲ့ စိတ်လောသွားတာ..."သူ့ဘာသာတစ်ယောက်တည်းပြောပြီး ဖန်ခွက်အမြန်သွားပြေးထားလေသည်..။