"စစ်ရေ ပတ်မပြေးနဲ့လေကွာ...
ပါပါးရေချိုးပေးမယ်နော်...""No...ဆော့ဦးမှာ..."
"ညစ်ပတ်နေပြီလေကွာ...
ဟိုမှာ ဦးခန့်စောင့်နေရတာ အားနာစရာကြီး...
စစ်ကလိမ္မာတယ်နော်...""No...မိအောင်လိုက်ဖမ်း ခစ် ခစ်..."
သစ်ပင်ကိုပတ်ပြေးနေတဲ့စစ်ကို ရိုးစေမှာမနည်းလိုက်ဖမ်းနေရသည်..။ ရေချိုးဖို့အရေးကို အင်္ကျီချွတ်ပြီးပတ်ပြေးနေတာကြောင့် ရိုးစေအနောက်ကနေလိုက်ဖမ်းနေရခြင်းဖြစ်သည်..။
သစ်ပင်ကိုတစ်ပတ်လည်အောင်ပတ်ပြေးနေတာကြောင့် ရိုးစေလည်းစစ်ရဲ့အနောက်ကနေမလိုက်တော့ နေရာမှာတင်ရပ်စောင့်နေလိုက်သည်..။ ခဏကြာတော့ ပတ်ပြေးနေတဲ့ကောင်လေးက သူ့ရှေ့ကိုရောက်လာလေသည်..။ ရိုးစေလည်း အလွယ်တကူဖမ်းချုပ်လိုက်သည်..။
"ဟားဟား မိပြီကွ..."
"ပါပါးလွှတ် ဆော့ဦးမှာ..."
"တော်ပြီလေ မိုးချုပ်တော့မှာ...
လိမ္မာတယ်နော်..."ရိုးစေလည်း အင်္ကျီကျွတ်ဖြစ်နေတဲ့စစ်ကိုမောင်ခန့်ရဲ့လက်ထဲထည့်လိုက်သည်..။
"မင်းတူကို မင်းပဲရေချိုးပေးလိုက်တော့..."
"ဟုတ် ကိုလေး..."
"ဆော့ဦးမှာ...
ရေချိုးချင်ဝူး...""ရေချိုးခန်းထဲရောက်မှ ဆော့မယ်နော်...
စစ်က လိမ္မာပါတယ်..."မောင်ခန့်လည်း မနည်းချော့ပြီး စစ်ကိုရေချိုးခန်းထဲခေါ်လာလိုက်ရသည်..။ ရိုးစေလည်း စစ်တို့ကိုကြည့်ပြီး ခေါင်းသာခါလိုက်ပြီး အိမ်ထဲဝင်ဖို့ပြင်လိုက်သည်..။
"ရိုးစေရာ..."
အနောက်ကခေါ်သံကြားရတာမို့ ရိုးစေလည်း လှည့်ကြည့်လိုက်တော့ ဒေါ်ဟန်နီဖြစ်နေသည်..။
"သြော် အန်တီ...
ဘာကိစ္စရှိလို့လဲမသိဘူး...""မင်းဆီကို အရေးတယူလုပ်ပြီးလာတာမဟုတ်ဘူး...
ငါ့သားကိုမမြှူစွယ်ဖို့လာပြောတာ...""ကျွန်တော် နေလဂုဏ်ရောင်ကို တစ်ခါမှမမြှူစွယ်ဖူးပါဘူး..."