"စစ် ဟိုရောက်ရင်ငြိမ်ငြိမ်နေနော်...
ပါပါးစကားကိုလည်း နားထောင်ရမယ်နော်...""ဟုတ်..."
ဒီနေ့ ဒေါက်တာက နေ့လယ်စာအတူစားမယ်ဆိုပြီးပြောထားတာကြောင့် စစ်နဲ့အတူသွားဖို့ပြင်နေခြင်းဖြစ်သည်..။ စစ်ကိုအင်္ကျီကြယ်စေ့တပ်နေရင်း မှာစရာရှိတာကိုမှာနေခြင်းဖြစ်သည်..။
"ပါပါးသားလေး ချောသွားပြီ..."
"ဟီးဟီး ပါပါးလည်းချောရယ်..."
"ဟုတ်ပါပြီ...
အဲ့တာဆို သွားရအောင်နော်...
ဦးဦးဒေါက်တာစောင့်နေပြီထင်တယ်...""ဟုတ်..."
ရိုးစေလည်း စစ်ရဲ့လက်ကိုဆွဲလိုက်ပြီး အိမ်ပြင်ကိုထွက်လာလိုက်သည်..။ အပြင်ရောက်တော့ ထိုင်နေတဲ့ မောင်ခန့်တို့၃ယောက်ကိုတွေ့ရသည်..။
"လိုက်ခဲ့ဆိုတာကို တစ်ယောက်မှမလိုက်ခဲ့ကြဘူး...
ကိုလေး စားပွဲပေါ်မှာထမင်းဟင်းပန်းကန်တွေကိုအုပ်စောင်းနဲ့အုပ်ခဲ့တယ်နော်...
Leoလည်းစားပြီးမှ ပြန်နော်...""ဟုတ်...စစ် ကိုကိုတို့ဖို့မုန့်ဝယ်ခဲ့ဦးနော်..."
"ဟုတ် များရီးဝယ်ခဲ့မယ်..."
"မပါလို့ကတော့ စစ်ကိုအကောင်လိုက်ဝါးစားမှာနော်..."
"ပါပါး..."
"ကိုကိုကစတာပါ...
အဲ့တာဆို ကိုလေးတို့သွားမယ်နော်...""ဟုတ်...ကောင်းကောင်းဒိတ်ခဲ့ပါ..."
"Leoကတော့နော်..."
"စတာ စတာ ဟီးဟီး..."
"သွားပြီနော်..."
"ဟုတ်..."
ရိုးစေလည်း စစ်ကိုလက်ဆွဲပြီး ခြံရှေ့ကိုထွက်လာလိုက်သည်..။
"ပါပါး ဒိတ်တယ်ဆိုတာ ဘာလဲဟင်...-
"ဟင်....
သြော် ဒိတ်တယ်ဆိုတာ ပါပါးတို့အခုလိုနေ့လယ်စာအတူထွက်စားတာကိုခေါ်တာလေ...""သြော်...
အဲ့တာဆို ပါပါးက ဦးဦးဒေါက်တာနဲ့ဒိတ်မို့ သွားမှာပေါ့နော်...""ဟင်...အင် အင်း..."
"ဟီး ဒိတ် ဒိတ်..."
ရိုးစေလည်း သားကဘာမှနားမလည်သေးတာမို့ သေချာရှင်းပြမနေတော့ဘဲ ခြံပြင်ကိုထွက်လာလိုက်သည်..။ အပြင်ရောက်တော့ ဒေါက်တာ့ကားကလည်းရောက်နှင့်ပြီးဖြစ်လေသည်..။