"အဲ့တာဆို အဆင်ပြေနေပြီပေါ့လေ..."
"ဒါပေါ့..."
ဒူးနန့်ပြီး ပြုံးဖြီးကာပြန်ပြောနေတဲ့ နေလကြောင့် အဂ္ဂနဲ့ဖြိုးဝေ ကြည့်မရဖြစ်လာသည်..။
"ငါတို့လာပေးစရာမလိုတော့ဘူးပေါ့..."
"အဲ့လိုတော့ မလုပ်နဲ့လေကွာ...
မင်းတို့မလာတော့ ငါ့အတွက်စားရေသောက်ရေးခက်သွားမှာပေါ့...""မင်းပြောတော့ ရိုးစေလာပို့ပေးမှာပါဆို..."
"အဲ့တာက ငါခန့်မှန်းတာလေ...
ကြိုပြီးတော့စားထားရမှာပေါ့...
တကယ်လို့မလာရင် ငါပဲငတ်မှာ...""မင်းတစ်ယောက်တည်းအမျိုးမျိုးဖြစ်နေတာ..."
"ဒီည ငါတို့လာအိပ်ပေးရဦးမလား..."
"မလာနဲ့တော့...
ဒီနေ့ စစ် ဆေးရုံကဆင်းမှာတဲ့...
ငါရိုးစေရာကိုခေါ်ထားလိုက်မယ်...
မနက်ဖြန်မှ မင်းတို့လာခဲ့..""ပြီးတာပဲ...
အဲ့တာဆို အဂ္ဂ ငါတို့ပြန်ရအောင်...""အေး...
သွားမယ်လေ...""တစ်ခုခုလိုရင် ဖုန်းဆက်လိုက်မယ်သိလား..."
"မဆက်နဲ့ မလာဘူး..."
အဂ္ဂနဲ့ဖြိုးဝေလည်း နေလကိုတစ်ယောက်တည်းထားခဲ့ပြီး အခန်းထဲကထွက်လာလိုက်သည်..။
ကျန်ခဲ့တဲ့နေလကတော့ ဖုန်းကိုကြည့်လိုက် အခန်းတံခါးကိုကြည့်လိုက် လုပ်နေသည်..။
"ဘာလို့မလာသေးတာလဲမသိဘူး...
ဗိုက်တောင်ဆာလာသလိုပဲ...
ဒီလိုမှန်းသိရင် ချိုင့်ကိုယူထားလိုက်ပါတယ်..."ဆာနေတဲ့ဗိုက်ကိုပွတ်ပြီး ရိုးစေတို့အလာကိုစောင့်နေလိုက်သည်..။
"ချလောက်!..."
"ဦးဦး..."
တံခါးဖွင့်သံနဲ့အသံအတူ အသံသေးသေးလေးကိုကြားလိုက်ရသည်..။
"စစ်...
နေကောင်းသွားပြီလား စစ်...
လာပါဦး ဦးဦးဆီ..."နေလခေါ်လိုက်တော့ စစ်ကနေလဆီကိုလျှောက်လာလေသည်..။ စစ်ရဲ့အနောက်မှာတော့ သူ့ပါပါးပါ ပါလာလေသည်..။ လက်ထဲမှာလည်း ထမင်းချိုင့်နဲ့ဆိုတော့ နေလပြုံးမိသွားသည်..။