နေလတစ်ယောက်ရုံးဆင်းပြီးဆိုတာနဲ့ ရိုးစေတို့အိမ်ကို တန်းပြီးမောင်းလာလိုက်သည်..။ ရိုးစေတို့အိမ်ဘေးနားမှာ ကားရပ်ထားပြီး ခြံတံခါးကနေ ခြံထဲကိုလှမ်းချောင်းလိုက်သည်..။ ခြံထဲမှာကစားနေတဲ့စစ်ကိုသာတွေ့ရပြီး ကျန်တဲ့သူတွေကိုတော့မတွေ့ရပေ..။
"စစ် သား ဒီကိုလာပါဦး..."
"ဟင် ဖေဖေ..."
နေလရဲ့အသံကိုကြားတော့ စစ်ကကိုင်ထားတဲ့ဘောလုံးကိုပစ်ချပြီး ခြံတံခါးနားကိုပြေးလာလေသည်..။
"ဖေဖေ နေကောင်းသွားပြီလား..."
"အင်း ဖေဖေ့သားလေးကိုလွမ်းနေတာ..."
"သားရော..."
"ဟုတ်ပါပြီဗျာ...
ဖေဖေ့ကိုတံခါးမဖွင့်ပေးတော့ဘူးလား..."နေလပြောလိုက်တော့ စစ်က လက်သေးသေးလေးနဲ့တံခါးကိုဖွင့်ပေးနေသည်..။
"လာ ဖေဖေ အထဲဝင်..."
"မဝင်တော့ဘူး သားရဲ့...
လာ ဖေဖေနဲ့ကားပေါ်လိုက်ခဲ့...
မုန့်ဝယ်ခဲ့တယ်...""ဟုတ်..."
နေလလည်း စစ်ကိုချီလိုက်ပြီး ကားပေါ်ကိုခေါ်လာလိုက်သည်..။
"စစ်အတွက် ရေခဲမုန့်ဝယ်လာတယ်...
ဖေဖေနဲ့အတူစားမယ်နော်...""ဟုတ်..."
နေလလည်း စစ်ကိုရေခဲမုန့်ခွန့်ကျွေးလိုက်ပြီး အတူစားနေလိုက်သည်..။
"ဒါနဲ့ သား အိမ်မှာဘယ်သူမှမရှိလား..."
"ရှိရယ်လေ...
အိမ်ထဲမှာ ဖိုးဖိုးကြီးရော ဦးခန့်ရော...
ကိုကိုLeoကဒီနေ့မလာဘူး...""သြော်...
သားပါပါးကရော...""ပါပါးက ဦးဦးဒေါက်တာနဲ့ပါသွားရယ်..."
"ဘာ!...
sorry sorry သားကိုပြောတာမဟုတ်ဘူး...
ပါပါးတို့သွားတာကြာပြီလား...""အင် နည်းနည်း..."
"ဘယ်ကိုသွားတာတဲ့လဲ?..."
"အင်..."
စစ်ကအနည်းငယ်စဉ်းစားသလိုပြုပြီးမှ ပြန်ဖြေလာသည်..။
"သားတို့ရုပ်ရုပ်သွားဝယ်တဲ့နေရာ...
ပြန်လာရင် ရုပ်ရုပ်ဝယ်လာခဲ့မယ်တဲ့..."