မနေ့ညကတည်းက ရိုးစေကိုကြည့်မိလုိ့အကြည့်ဆုံပြီးအိပ်မပျော်ဖြစ်တာ မိုးလင်းခါနီးမှ နေလတစ်ယောက်အိပ်ပျော်သွားလေသည်..။ နိုးလာတော့လည်း ရိုးစေကိုမျက်နှာချင်းမဆိုင်ရဲတာကြောင့် ရိုးစေမရှိတဲ့အချိန်မှအပြင်ထွက်ပြီး မျက်နှာသစ်သွားတိုက်လုပ်ရသည်..။
အဝတ်အစားလဲပြီးတာနဲ့ အပြင်ထွက်ဖို့အတွက် ရိုးစေမရှိတဲ့အချိန်ကိုအခန်းထဲကချောင်းနေသည်..။ ရိုးစေမရှိမှန်းသိလိုက်ရမှ အိတ်ကိုယူလိုက်ပြီး အပြင်ကိုထွက်လိုက်သည်..။
"ဦးဦး..."
"ဟင်...သြော် စစ်..."
အခန်းအပြင်ရောက်ရုံရှိသေး စစ်ရဲ့အသံကိုကြားရလေသည်.။ စစ်နဲ့အတူ စစ်ကိုချီထားတဲ့သူ့ပါပါးကိုပါတွေ့ရလေသည်..။ ရှောင်နေပါတယ်ဆိုမှ တည့်တည့်ကိုလာတွေ့တာပဲ..။
"ဦးဦးဘယ်သွားမလို့လဲ?..."
"သြော် ဦးဦးကအလုပ်သွားမလို့လေ..."
"ဟုတ်..."
"အဲ့တာဆို ဦးဦးသွားတော့မယ်နော်..."
"ဟုတ်..."
"အဟမ်း ငါသွားပြီနော်..."
သွားတာပဲ သွားပေါ့...
သူသွားတာကို အရေးတယူလုပ်ပြီးပြောနေသေးတယ်..။"ပါပါး ဦးဦးကသွားပြီတဲ့..."
"အင် အင်းအင်း..."
နေလလည်း စစ်နဲ့ရိုးစေကိုနှုတ်ဆက်ပြီး အိမ်ထဲကထွက်လာလိုက်သည်..။ ရိုးစေလည်း စစ်ကိုချီထားပြီး နေလထွက်သွားတာကိုလိုက်ကြည့်နေမိသည်..။
"ပါပါး နို့သောက်မယ်လေ..."
"အင် အင်းအင်း...
ပါပါးတိုက်မယ်နော်...""ဟုတ်..."
ရိုးစေလည်း သားကိုချီပြီး ထမင်းစားခန်းထဲကိုဝင်လာခဲ့လိုက်သည်..။
......................................
"ဟန်နီတို့ကတော့ သားလေးရှိတာကံကောင်းတာပေါ့နော်..."
"ဟုတ်တာပေါ့ မမခင်ရယ်...
သားလေးရှိနေလို့သာ ကျွန်မတို့ဒီလိုနေနိုင်တာပေါ့...""အင်းပေါ့..."
ဒေါ်ဟန်နီနဲ့ဒေါ်ခင်ခင်လည်း စကားတပြောပြောနဲ့ အိမ်ရှေ့ကိုထွက်လာလိုက်သည်..။