"ကိုကို ဒီနေ့ရုပ်ရှင်သွားကြည့်ရအောင်လေ..."
"ဒီနေ့ ကိုကိုအပြီးသတ်လုပ်ရမယ့်အလုပ်တွေရှိသေးတယ်..."
"ကိုကိုအခုတလောပြောင်းလဲလာတယ်...
ဝသုန့်ကိုအရင်ကလောက် ဂရုမစိုက်တော့ဘူး...""မဟုတ်ပါဘူး ဝသုန်ရယ်...
ကိုကိုအလုပ်မပြီးသေးလို့ပါ...""မသိဘူး ကိုကိုဒီရက်တောတွင်း ဝသုန့်ကိုပြစ်ထားတယ်...
ကိုကို ဝသုန့်ကိုမချစ်တော့ဘူး..""မဟုတ်ပါဘူး ဝသုန်ရယ်..."
"မရဘူး မရဘူး...
ကိုကို ညကျမှလုပ်လိုက်ပေါ့...
ဝသုန်နဲ့ကိုကို အတူတူမသွားဖြစ်တာကြာပြီလေ...""ဟင်း.......
အင်းအင်း အဲ့တာဆိုလည်း သွားကြမယ်လေ...""ဟုတ်...
အဲ့တာကြောင့် ကိုကို့ကိုချစ်နေတာ ရွှတ်...""အင်းပါ..."
ပါးကိုနမ်းလာတဲ့သူမလေးကြောင့် နေလလည်း အားနာမိသွားသည်..။ ရိုးစေအပေါ်ဖြစ်နေတဲ့ခံစားချက်တွေကရော ထားသင့်ရဲ့လား...။
ဝသုန့်အတွက်ရော တရားရဲ့လား..။နေလလည်း သက်ပြင်းသာအခါခါချလိုက်ပြီး ဝသုန်နဲ့လိုက်လာခဲ့လိုက်သည်..။
....................................
ရုပ်ရှင်ရုံက ကုန်တိုက်ရဲ့အပေါ်ဆုံးထပ်မှာဖြစ်တာကြောင့် နေလတို့လည်း အပေါ်ကိုတက်လာလိုက်သည်..။ လျှောက်လာရင်း ကော်ဖီဆိုင်တစ်ဆိုင်မှာ တစုံတယောက်ကိုတွေ့လိုက်ရသည်..။
ကော်ဖီဆိုင်ထဲမှာထိုင်ရင်း ပြုံးပြုံးရွှင်ရွှင်နဲ့စကားပြောနေတဲ့ရိုးစေနဲ့ဒေါက်တာလင်းထက်ကို တွေ့လိုက်ရခြင်းဖြစ်သည်..။ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် နေလဟာလည်း စိတ်တိုသွားလေသည်..။ ဆိုင်ထဲဝင်ပြီး ဝုန်းဒိုင်းကြဲလိုက်ချင်ပေမယ့် ဘေးမှာလည်းဝသုန်ပါနေတာရယ် ဆိုင်ထဲမှာလည်းလူတွေအများကြီးရှိနေတာကြောင့် ဘာမှပြောမနေတော့ဘဲ ဝသုန်နဲ့အတူလျှောက်လာလိုက်သည်..။
"ကိုကို ရုပ်ရှင်လက်မှတ်ဝယ်မယ်လေ..."
"အင် အင်း..."
ရိုးစေရာဆီစိတ်ရောက်နေတာနဲ့ ရုပ်ရှင်ရုံရှေ့ဘယ်လိုရောက်လာမလဲတောင်မသိဖြစ်သွားရသည်..။ နေလလည်း ရုပ်ရှင်လက်မှတ်သွားဝယ်လိုက်ပြီး ဝသုန့်ဆီပြန်လာလိုက်သည်..။