မနက်၇နာရီခွဲဆိုတာနဲ့..ထနေကျအချိန်ဖြစ်တာကြောင့် ရိုးစေတစ်ယောက်နိုးလာခဲ့သည်..။ အိပ်ယာပြောင်းတာကြောင့် ညကနောက်ကျမှအိပ်ယာဝင်ခဲ့ပေမယ့်..အိပ်ယာထတဲ့အချိန်ကတော့ ပုံမှန်အတိုင်းနိုးလာခဲ့သည်..။ ဘေးမှာ အိပ်နေတဲ့သားသား ခြေကားယားလက်ကားယားနဲ့ အိပ်ပျော်နေလေသည်..။
ပူလို့ထင်တယ် စောင်ကိုလည်းကန်ချထားလေသည်..။ အင်္ကျီလေးကလည်း လိပ်တက်နေတာမို့..ဗိုက်ပူပူလေးက ပေါ်နေသည်..။ ရိုးစေလည်း သားရဲ့အင်္ကျီကိုဆွဲချပေးလိုက်ပြီး ခြေထောက်လေးကိုစုပေးလိုက်သည်..။
"သား...စစ် မထသေးဘူးလား...
မိုးလင်းနေပြီလေ...""No.."
"အဟက်..."
မောင်ခန့်တို့သင်ပေးထားတဲ့ Noနဲ့Yes ကိုတော့ သူနားလည်သည်..။ ဘာသင်ပေးပေး အတတ်မြန်တယ်..။
"အဲ့တာဆို ပြန်အိပ်နေနော်...
ပါပါး မျက်နှာသွားသစ်လိုက်ဦးမယ်နော်...
စစ်နိုးမှ မနက်စာထွက်စားတာပေါ့..""ဟုတ်..."
"အဟက်....အင်းအင်း အိပ်အိပ်..."
ရိုးစေလည်း သားကိုပြန်အိပ်စေလိုက်ပြီး..အပြင်ကိုထွက်လာလိုက်သည်..။ မောင်ခန့်ရဲ့အခန်းကိုသွားကြည့်လိုက်တော့..မောင်ခန့်လည်း အိပ်ပျော်နေလေသည်..။
ရိုးစေလည်း မျက်နှာသစ်သွားတိုက်ပြီး..အိမ်အပြင်ကို ထွက်လာလိုက်သည်..။
အိမ်ကြီးရှေ့ကို ကားရပ်လိုက်တာနဲ့..ခပ်လှလှအမျိးသမီးတစ်ယောက် ကားပေါ်ကဆင်းလာသည်..။
"ကိုကို...ကိုကို!...
ကိုကို!..."ခေါ်သံကြားတော့ အိမ်ထဲကနေ ဒေါ်ဟန်နီရော နေလပါထွက်လာသည်..။
"ဝသုန်...အစောကြီး ဘာကိစ္စရှိလို့လဲ?..."
"ဖြန်း!!..."
မေးတာကိုမဖြေဘဲ နေလရဲ့အနားကိုသွားကာ..ပါးကို အားနဲ့လွှဲရိုက်လိုက်တာကြောင့် အကုန်လုံးက အံ့အားသင့်သွားကြသည်..။
"ဝသုန်..."
"ဝသုန်...သမီး ဘာလုပ်တာလဲ?...
ဘာလို့ သားကိုရိုက်ရတာလဲ?..."