Part-13(Uni)

28.3K 2.2K 49
                                    

*warning ပေးပါတယ်နော်...
အသက်မပြည့်သေးသူများ မဖတ်ပါနဲ့...*

_________________________________________________________

"အေ့...မင်းတို့ပြန်ကြတော့ bye..."

"မင်းတစ်ယောက်ထဲ အပေါ်တက်လို့ဖြစ်ပါ့မလား..."

"ဖြစ်ပါတယ်ကွာ အေးဆေး...
မင်းတို့သွားကြတော့..."

ကားပေါ်ကနေ ဒယိမ်းဒယိုင်နဲ့ဆင်းလာတဲ့နေလကို အဂ္ဂတို့တွဲထားရသည်..။

"သြော် အကိုလေး အခုမှပြန်လာတာလား...
ဟင် အရက်တွေသောက်လာတာ..."

"ရိုးစေရာ မအိပ်သေးဘူးလား..."

"အင်း အကိုလေးပြန်မလာသေးလို့စောင့်နေတာ..."

"ငါ့ကိုစောင့်နေတာတဲ့ အေ့..."

"အင်း အဲ့တာဆိုလည်း မင်းပဲနေလကိုတွဲပြီး သူ့အခန်းထဲထိလိုက်ပို့ပေးလိုက်ပါ...
ညဉ့်နက်နေလို့ ငါတို့လည်းပြန်တော့မယ်..."

"အင်းအင်း..."

နေလကို ရိုးစေဆီပေးလိုက်ပြီး အဂ္ဂတို့လည်းပြန်သွားလေသည်..။

"ရိုးစေရာ ငါ့ကိုအခန်းထဲလိုက်ပို့ပေးစမ်း..."

"တိုးတိုးပြောပါ အကိုလေးရယ်...
မေမေကြီးတို့အိပ်နေတယ် နိုးသွားပါဦးမယ်..."

ပြောလိုက်တော့ နေလကငြိမ်ပြီး ရိုးစေကိုတွဲကာ အပေါ်ကိုတက်လာလိုက်သည်..။ အခန်းတံခါးကို ဖွင့်လိုက်ကာ ဒယိမ်းဒယိုင်နဲ့ပဲ နေလကိုကုတင်ပေါ်ချပေးလိုက်သည်..။

"အ!...အ!...အကိုလေး ကျွန်တော့်ဆံပင်ကိုမဆွဲထားနဲ့လေ..."

ကုတင်ပေါ်ရောက်နေတဲ့နေလက ရိုးစေရဲ့ဆံပင်ကိုဆွဲထားတာကြောင့် ရိုးစေကနေလရဲ့ကိုယ်ပေါ်ကိုအုပ်မိုးထားသလိုဖြစ်နေသည်..။ နေလက လက်ဖယ်ပေးလိုက်တဲ့အချိန် ရိုးစေရဲ့ဆံပင်တွေကိုစည်းထားတဲ့ခေါင်းစီးကွင်းဟာလည်း ပျက်သွားလေသည်..။

ရိုးစေရဲ့ဆံပင်က နားဖုံးသည်အထိရှည်တာကြောင့် အိမ်အလုပ်တွေလုပ်ရင်ကျနေသည်မို့ ဘေးနှစ်ဖက်ကိုသိမ်းပြီး စည်းထားခြင်းဖြစ်သည်..။ မျက်နှာကိုလာဖုံးတဲ့ဆံပင်တွေကြောင့် ရိုးစေလှန်တင်ပြီး ကုန်းထလိုက်သည်..။

Six (စစ္) (completed)Where stories live. Discover now