"စစ်ရေ...လျှောက်ပြေးမနေနဲ့လေကွာ...
ပါပါးမလိုက်နိုင်တော့ဘူး...
စစ်...စစ်ရေ...."ဘောင်းဘီတစ်ထည်ပဲဝတ်ပြီး လျှောက်ပြေးနေတဲ့စစ်ကို ရိုးစေလိုက်ဖမ်းနေရသည်..။ ပတ်ပြေးနေရင်း အခန်းတံခါးဘေးမှာပုန်းနေတာမို့..ရိုးလည်း တံခါးနားကိုလျှောက်လာလိုက်သည်..။
"စစ်ရှိဝူး..."
ခြေသံကြားတာနဲ့ ထွက်လာတဲ့အသံလေးကြောင့်..ရိုးစေ ပြုံးမိသည်..။
"စစ်မရှိဘူးဆိုတော့...
စစ်ကဘယ်သွားနေတာလဲမသိပါဘူး...
ဟင်...ခုနက စစ်မရှိဘူးလို့ ဖြေလိုက်တာဘယ်သူလဲမသိဘူး...""အင်...စစ်သူငယ်ချင်း.."
ခဏလောက်တွေးပြီးမှ အသံလေးပြန်ထွက်ပေါ်လာသည်..။
"အဟက်..."
ရိုးစေလည်း လည်လွန်းတဲ့သားကြောင့်ရယ်လိုက်ပြီး..တံခါးကိုဆွဲလိုက်ကာ ပုန်းနေတဲ့ကိုယ်လုံးလေးကိုဆွဲပွေ့လိုက်သည်..။
"ဟားဟား...မိပြီကွ...
ပုန်းနေတဲ့ကြွက်ဖြူလေးကို ကြောင်ကြီးဖမ်းလိုက်ပါပြီ...""ခစ် ခစ်...ပါပါး..."
ခန္ဓာကိုယ်ကို ကော့ပြန်လန်အောင် ရယ်နေတဲ့သားကြောင့်..ရိုးစေမနည်းချီလာရသည်..။
"ပါပါး အင်္ကျီဝယ်ပေးမယ်နော်...
ငြိမ်ငြိမ်လေးနေ...လိမ္မာတယ်နော် စစ်က...""အွန်း..."
"ဘာပြောတယ်..."
"ဟုတ်..."
"ဒီလိုမှပေါ့...ရွှတ်...
ပါပါးသားလေးက မွှေးနေတာပဲကွာ...""ခစ်ခစ်...နမ်းနဲ့ ယားတယ်..."
သူ့ကိုယ်လေးကိုနမ်းနေတာကြောင့်..ယားတ
်ဆိုပြီး ရိုးစေရဲ့မျက်နှာကိုသူ့လက်သေးသေးလေးနဲ့တွန်းထားလေသည်..။"ချလောက်!.."
"ဟာ...ဒီသားဖ၂ယောက် အဝတ်အစားမလဲရသေးဘူးလား..."
"ဒီမှာ ဖေဖေ့မြေးလေ ပတ်ပြေးနေလို့မနည်းလိုက်ဖမ်းနေရတယ်..."
"ဟုတ်လား...မြေး..."
"ဟုတ်ဝူး..."
"ဘာ!..."