"စစ် ဒီည ဦးခန့်တို့နဲ့သွားအိပ်နော်...
ပါပါးဆီကအဖျားတွေကူးလိမ့်မယ်...""ဟင့်အင်း...ပါပါးနဲ့ပဲအိပ်မှာ..."
"စစ်ကလည်းကွာ မဆိုးပါနဲ့...
လိမ္မာတယ်နော်...
စစ် နေမကောင်းဖြစ်မှာစိုးလို့ပြောတာပါ...""ဟင့်အင်း ဖြစ်ပစေ ဖြစ်ပစေ..."
"စစ် ပါပါးမဆူချင်ဘူးနော်...
လိမ္မာတယ် ဦးခန့်တို့နဲ့သွားအိပ်...""ဟွန့်...ဟုတ်..."
ရိုးစေလည်း စစ်ကိုမနည်းချော့ပြောလိုက်ပြီး မောင်ခန့်တို့နဲ့အတူ ထည့်ပေးလိုက်ရသည်..။ ရိုးစေအတွက် ဖျားရင်ကိစ္စမရှိပေမယ့် စစ်ကဖျားပြီဆို တော်ရုံနဲ့ပျေုာက်တတ်တာမဟုတ်ဘူး..။ စစ် အခန်းထဲက ထွက်သွားမှပဲ ရိုးစေလည်းဘေးတစောင်းလှဲပြီးပြန်အိပ်နေလိုက်သည်..။
အခန်းအပြင်မှာလည်း မျက်နှာကြီးစူပုတ်ပြီးထွက်လာတဲ့စစ်နဲ့ နေလနဲ့ဆုံလေသည်..။
"စစ် ဘာဖြစ်လာတာလဲ?...
မျက်နှာကြီးကလည်း စူပုတ်နေတာပဲ...""ပါပါးက ဒီညလာမအိပ်နဲ့တဲ့..."
"ဟုတ်တယ် အကိုလေး...
ကိုလေးက စစ်ကိုအဖျားကူးမှာစိုးလို့ကျွန်တော်တို့အတူလာအိပ္ခိုင်းတာလေ...""သြော်...
မင်းတို့ကုတင်ကမသေးဘူးလား...
၃ယောက်ဆိုတော့ ဆံ့ပါ့မလား...""ရပါတယ် ကျွန်တော်အောက်မှာဆင်းအိပ်လိုက်ပါမယ်..."
"မဟုတ်တာ...
ဒီလိုလုပ် စစ် ဦးဦးနဲ့လာအိပ်လေ...""ရပါတယ် ကျွန်တော့်တူကိုကျွန်တော်နဲ့အတူသိပ်လိုက်ပါမယ်..."
"ဟင်း...မင်းတို့ကုတင်ကကျဉ်းလွန်းလို့ပြောနေတာ...
စစ် ဦးနဲ့အိပ်မယ်မလား...
လာ လာ...ဦးနဲ့အိပ်မယ်..."ပြောပြောဆိုဆိုနဲ့ စစ်ကိုကောက်ချီပြီး အခန်းထဲဝင်သွားသူကြောင့် မောင်ခန့်တို့မှာအကြောင်သား ရပ်ကြည့်နေမိသည်..။
"အိပ်ပါစေတော့ လာ သွားကြမယ်..."
"ကောင်းတာပေါ့...
ငါတို့ ပိုပြီးလွတ်လပ်တာပေါ့...""ကိုခန့်!.."
"ဟီးဟီး စတာ..."
မောင်ခန့်လည်း လရောင်ရဲ့ပခုံးကိုဖက်ပြီး အခန်းရှိရာဆီသို့လျှောက်လာလိုက်သည်..။