"ပါပါး ဗိုက်ဆာနေပြီ မြန်မြန်ရေး..."
"ပြီးပါပြီဗျာ...
တော်တော်ဆာနေတယ်ပေါ့လေ...""ဟုတ် တော်တော်ရေး..."
"အဟက် ဟုတ်ပါပြီ..."
ရိုးစေလည်း ထမင်းပန်းကန်ကိုစစ်ရဲ့အရှေ့ကိုချပေးလိုက်ပြီး ဘေးမှဝင်ထိုင်လိုက်သည်..။ နေ့လယ်စာလည်း စားပြီးပြီကို ထပ်စားချင်နေတာ..အတော်လေးဝင်တဲ့ဗိုက်လေး..။
"ပါပါး မြန်မြန်..."
"ဟုတ်ပါပြီဗျာ...
ခွန့်ပေးပါမယ်...အာ..."ရိုးစေကပြောလိုက်တာနဲ့ စစ်ကချက်ချင်းပါးစပ်ဟပေးလာသည်..။ ရိုးစေကခွန့်ပေးလိုက်တာနဲ့ပြုံးပြီး စားနေလေသည်..။
"စားလို့ကောင်းလား.."
"ဒွတ် ဒွတ်..."
"ဟုတ်ပါပြီဗျာ ပါပါးသားလေးကချစ်ဖို့ကောင်းလိုက်တာ ရွှတ် ရွှတ်..."
"ဟီး ခွန့် ခွန့်..."
စစ်က ခွန့်လို့ပြောတာနဲ့ ရိုးစေလည်း ကြက်သားလေးကိုဖဲ့ပေးလိုက်ပြီး ထမင်းနဲ့ ခွန်းကျွေးလိုက်သည်..။
"အိမ်ထဲမှာ ဘယ်သူမှမရှိကြဘူးလား..." ဆိုတဲ့အသံနဲ့အတူ နေလတစ်ယောက်အိမ်ထဲကိုဝင်လာလိုက်သည်..။
အိမ်ထဲဝင်လာကတည်းက ဘာသံမှမကြားကြောင့် နေလလည်းမီးဖိုဆောင်ထဲကိုဝင်လာလိုက်သည်..။
"သြော် ဦးဦး...ဦးဦးပြန်လာပြီရား..."
"အင်း...စစ်က ထမင်းစားနေတာလား..."
"ဟုတ် ဦးဦးစားပါဦးရား..."
"အဟက် ဘာနဲ့စားတာလဲကွ..."
"ကြက်သား...
ဦးဦးရောစားမရား...
ပါပါးကိုခွန့်ကျွေးခိုင်းရိုက်ရေ...""စစ်..."
စစ်ရဲ့စကားကြောင့် ရိုးစေမှာစစ်ကိုဆက်မပြောဖို့ တားလိုက်ရသည်..။
"အဲ့လိုလုပ်ရင်ကောင်းမလား...
ဦးဦးလည်းဗိုက်ဆာနေတာ...""အာ့ဆို လာရေ...
ဒီမှာ ထိုင်.." ဆိုပြီး စစ်က နေလကိုသူ့ဘေးနားကိုခေါ်နေလေသည်..။ နေလကလည်း စစ်ရဲ့ဘေးနားမှာလာထိုင်လေသည်.. ။