ဒီနေ့တော့ နေလတစ်ယောက်ပိတ်ရက်ဖြစ်တာကြောင့် အိမ်မှာပဲနေဖြစ်သည်..။ အဖျားပျောက်တာလည်း မကြာသေးတော့ ရိုးစေတို့နဲ့ပဲအတူနေဖြစ်သည်..။ ဝသုန်ကလည်း ဒီရက်တောတွင်းရောက်မလာတာကြောင့် အရေးတယူလုပ်ပြီးလည်းဆက်သွယ်မနေတော့ပေ..။
"သားအင်္ကျီနဲ့ပါပါးအင်္ကျီအတူတူပဲနော်..."
"အင်း...တူတူပဲလေ..."
"ဟီး..."
ရိုးစေရဲ့အင်္ကျီကိုကြည့်လိုက် သူ့အင်္ကျီလေးကိုကြည့်လိုက်နဲ့ စစ်ကရယ်ပြီးပြောနေလေသည်..။
"ကိုလေး ပြီးပြီလား..."
"ပြီးပြီ Leoရေ...
သွားဖို့ပဲရှိတော့တယ်...""ဟုတ် ကိုခန့်တို့ရော..."
"အရှေ့မှာ စောင့်နေတယ်လေ..."
"ဟုတ် လာ လာ စစ်လေး...ကိုကို့ဆီကိုလာ..."
"ဟုတ်..."
အသံတွေဆူသံကြားတာကြောင့် နေလလည်း အခန်းပြင်ကိုထွက်လာလိုက်သည်..။ အခန်းအပြင်ရောက်တော့ ရိုးစေနဲ့တန်းတိုးလေသည်..။ မြင်နေရတဲ့ရိုးစေရဲ့ပုံစံကြောင့် နေလ၂ခါပြန်ကြည့်မိသည်..။
ဘာလို့ဆို အမြဲပုဆိုးဝတ်ပြီးနေတတ်တဲ့ရိုးစေရာက အခုတော့ ဘောင်းဘီတိုဝတ်ထားသည်လေ..။ အင်္ကျီကိုလည်း ဘောင်းဘီထဲထည့်ဝတ်ထားသည်..။ ရှပ်လက်တိုအဖြူကို အောက်ခံဘောင်းဘီအနက်အတိုနဲ့တွဲဝတ်ထားသည်လေ..။
အသားကဖြူတာကြောင့် အဖြူပေါ်အဖြူထပ်ပြီး အရမ်းကိုချစ်ဖို့ကောင်းနေသည်..။ ဆံပင်ကိုလည်း လက်နဲ့လှန်တင်ထားတာကြောင့် နဖူးပေါ်မလည်းဆံပင်တွေကကျနေသည်..။
"ဒါဘယ်လဲ?..."
"ကုန်တိုက်သွားမို့...
သြော် မင်းနေ့လယ်စာစားမယ်ဆို ဟင်းကိုနွေးပြီးစားလိုက်နော်...
မီးဖိုဆောင်ထဲမှာအကုန်ရှိတယ်...မင်းစား....""ဘယ်သူနဲ့သွားမှာလဲ?..."
စကားတောင်ဆုံးအောင်မပြောရသေးဘူး ဖြတ်ပြောလာတဲ့နေလကြောင့် ရိုးစေလည်းသက်ပြင်းသာချလိုက်သည်..။
"မောင်ခန့်တို့နဲ့..."
"ဘယ်သူတွေပါသေးလဲ?..."