Part-9(Uni)

29K 2.4K 30
                                    

"သား ရိုးစေရာတို့ကိုနှင်ထုတ်လိုက်ပါလား..."

"ဘာဖြစ်လို့လဲ? မေမေ..."

ကားရပ်လို့ အိမ်ထဲဝင်ရုံပဲရှိသေးတယ် ပြောလာတဲ့ဒေါ်ဟန်နီကြောင့် နေလလည်းပြန်မေးလိုက်ရသည်..။ ကိုယ့်သားဘာဖြစ်လာတယ်ဆိုတာ မေမေမကြည့်ဘူး..။ မေမေဖြစ်ချင်တာ မေမေသိတယ်..။ နေလအတွက် ဒီလိုမျိုးကရိုးနေသလိုတောင်ဖြစ်နေပြီလေ..။

"ဒီနေ့လေ ရိုးစေရာရဲ့သားပေါ့ မေမေ့ကိုဘောလုံးနဲ့လာကန်တယ်..."

"ကလေးကတော့ မေမေရယ် ဘာသိမှာလဲ မတော်တဆဖြစ်သွားတာနေမှာပါ..."

"နေလ...မင်းကလည်း သူတို့ဘက်ကပဲပေါ့လေ..."

"မဟုတ်ပါဘူး....
ဟင်း....ကျွန်တော်အခုခေါင်းကိုက်နေလို့ပါ မေမေ..
ကျွန်တော်နားပါရစေ..."

"ဟင်...သားဖျားနေတာလား..."

ပြောလည်းပြော ဒေါ်ဟန်နီက နေလရဲ့နားဖူးလေးကိုစမ်းလိုက်သည်..။

"အင်း...ကိုယ်တွေပူနေတာပဲ..."

"ဟုတ်..."

"မေမေ မစိန်ကိုဆန်ပြုတ်ပြုတ်ခိုင်းပြီး လာပို့ခိုင်းလိုက်မယ်နော်...
နွေးနွေးထွေးထွေးလည်းနေဦး..."

ပြောချင်ရာပြောပြီး ဒေါ်ဟန်နီက နေလအရှေ့ကထွက်သွားလေသည်..။
မဟုတ်ဘူး မဟုတ်ဘူး..ကျွန်တော်လိုချင်တာ ဒါမျိုးမဟုတ်ဘူး..။
ကျွန်တော်လိုချင်တာ မိခင်မေတ္တာလေ..။
သူများပြုတ်ပေးတဲ့ဆန်ပြုတ်မသောက်ချင်ဘူး မေမေပြုတ်ပေးတဲ့ဆန်ပြုတ်ပဲသောက်ချင်တာ..။

နေလမှာ မျက်ရည်ကိုပင်မနည်းထိန်းပြီး အခန်းရှိရာကိုတက်လာလိုက်သည်..။ အခန်းထဲရောက်မှသာ ထိန်းထားတဲ့မျက်ရည်တွေကို ကျစေလိုက်သည်..။

ကျွန်တော်ငယ်ငယ်လေးထဲက မိဘမေတ္တာကို အပြည့်အဝမခံစားခဲ့ရဘူး..။ ဖေဖေက အလုပ်ကိစ္စတွေနဲ့ အမြဲခရီးထွက်နေရတာကြောင့် မေမေကလည်း ဖေဖေနဲ့အတူပါသွားရသည်..။ ဒီအိမ်အကြီးကြီးထဲမှာ ကျွန်တော်တစ်ယောက်တည်းအမြဲကျန်ခဲ့လေသည်..။ ကြီးစိန်ဆိုတာကလည်း ကျွန်တော်နဲ့အမြဲအတူမရှိပေးနိုင်ဘူးလေ..။

Six (စစ္) (completed)Where stories live. Discover now