"ဟေ့ကောင်လေး ဟေ့ကောင်လေး...
ထစမ်း ဟေ့ကောင်လေး...
ရိုးစေရာ ထစမ်းလို့...""အ!...အ!..."
နားရွက်ကိုလိမ်ဆွဲလာသူကြောင့် ရိုးစေနိုးလာခဲ့သည်..။ မြင်လိုက်ရတဲ့သူကြောင့် ချက်ချင်းငုတ်တုတ်ထထိုင်မိသည်..။
"အ!..မေမေကြီး..."
"အသံမထွက်ဘဲ အခုချက်ချင်းအခန်းထဲကထွက်လာခဲ့..."
"ဗျာ..."
"နင့်ကိုအခုချက်ချင်းထွက်လာလို့ပြောနေတာ...
ငါ့သားကိုမနိုးစေနဲ့နော်...
နိုးလို့ကတော့ နင်မလွယ်ဘူးမှတ်...""ဟုတ်..."
ရိုးစေလည်း အကိုလေးကိုတစ်ချက်လှည့်ကြည့်ပြီး ဘေးမှာကျနေတဲ့ အင်္ကျီနဲ့ပုဆိုးကိုကောက်ဝတ်လိုက်သည်..။ အိပ်ပျော်နေတဲ့အကိုလေးကတော့ ဘာမှသိမယ်မထင်..။
ရိုးစေလည်း ဖြေးဖြေးချင်းထလိုက်ပြီး မေမေကြီးရဲ့အနောက်ကနေလိုက်လာခဲ့လိုက်သည်..။
"ကဲ ပြော...ဒါဘယ်လိုဖြစ်တာလဲ?..."
"ညက အကိုလေးမူးလာလို့ပါ..."
"အဲ့တာနဲ့ပဲ မင်းကငါ့သားကိုအပိုင်ကြံလိုက်တယ်ပေါ့လေ..."
"မဟုတ်ပါဘူး..မဟုတ်ပါဘူး မေမေကြီး...
အကိုလေးကသာ...""တော်...
ငါ့သားက မင်းလိုကောင်မျိုးကိုဒီလိုလုပ်မှာမဟုတ်ဘူး...
မင်းဘက်ကအပိုင်ကြံလိုက်တာမဟုတ်လား...""မဟုတ်ပါဘူး မေမေကြီး..."
"တော်ပြီ မကြားချင်ဘူး...
ဒီကိစ္စကို ငါ့သားမသိစေနဲ့...
သိလို့ကတော့ မင်းတို့သားဖ၂ယောက်လုံး အထုတ်ပြင်ပြီး ငါ့အိမ်ကထွက်သွားလိုက်တော့...""မပြောပါဘူး..ကျွန်တော်အကိုလေးကိုပြန်မပြောပါဘူး မေမေကြီး...
ကျွန်တော်တို့ကိုဒီအိမ်ကနေတော့မနှင်ထုတ်ပါနဲ့...""မင်းကတိနဲ့မင်းတည်ပါစေနော်...
သွားတော့...
အိမ်ထဲမှာ ဘယ်သူမှမနိုးသေးခင် မင်းပြန်လိုက်တော့...
ဒီကိစ္စကိုဘယ်သူ့မှလျှောက်မပြောနဲ့နော်...
ပြောလို့ကတော့ မလွယ်ဘူးမှတ်...""ဟုတ်ကဲ့ပါ မေမေကြီး..."
"မင်းသွားလို့ရပြီ..."