နေလလည်း အိမ်ကိုမပြန်ချင်တာကြောင့် ရိုးစေတို့အိမ်ထဲကိုဝင်လာလိုက်သည်..။ အိမ်ထဲရောက်တော့ ငိုနေတဲ့လရောင်ကိုတွေ့ရလေသည်..။
"လရောင်..."
"သြော် အကိုလေး..."
"မင်းမလိုက်သွားဘူးလား..."
"ဟုတ်..."
ကိုခန့်က အတင်းခေါ်ပေမယ့် လရောင်ကတော့ ကြီးစိန်ရှိနေတာမို့ မလိုက်ဘဲအိမ်မှာနေခဲ့ခြင်းဖြစ်သည်..။
"အင်း....ဘယ်လိုဖြစ်ကြတာလဲ?..."
"ရွှတ်....
အားလုံးကကျွန်တော့်အမှားတွေပါ အကိုလေး...
ကျွန်တော်သာ မေမေကြီးပေးတဲ့နို့ဘူးကို မယူလာလိုက်ရင်ဘာမှဖြစ်မှာမဟုတ်ဘူး...""ငါ့ကိုအသေးစိတ်ပြော..."
"ဒီလိုပါ အကိုလေး...
မနက်က မေမေကြီးကစစ်တို့ဖို့ဆိုပြီး နို့ဘူးပေးလိုက်တာ...
အဲ့တာ စစ်ကိုတိုက်လိုက်တာ...
အခု စစ်ဝမ်းတွေလျှောပြီး ဆေးရုံတင်လိုက်ရတယ်...""ဟင်...
တခြားအစားအစာတွေများစားထားလို့လား...""တမနက်လုံး ဒီနို့တစ်ခွက်ပဲသောက်ရသေးတာပါ..."
"........"
"စစ်ကအဖျားပျောက်သေးတာမကြာသေးတဲ့အပြင် အခုလိုဝမ်းလျှောတော့...
စစ်ခမျာ မျော့မျော့လေးပဲပါသွားတာ..""ဟင်....
ဘာလို့ဒီလိုလုပ်ရက်ရတာလဲ?..."လရောင်ဆီကနေ ကြားရတဲ့စကားတွေကြောင့် နေလလည်း အိမ်ကြီးဆီကိုလျှောက်လာလိုက်သည်..။ အိမ်ထဲရောက်တော့ ဧည့်ခန်းထဲမှာထိုင်နေတဲ့ဒေါ်ဟန်နီနဲ့ဆုံလေသည်..။
"ဟယ် သား ဒီနေ့အစောကြီးပြန်လာပါလား..."
"မေမေ...မေမေ ဘာလို့ ဒီလိုလုပ်ရက်ရတာလဲ?.."
"ဘာတွေပြောနေတာလဲ? နေလ..."
"အခု ရိုးစေရာတို့ထွက်သွားကြပြီ..."
"ဟုတ်လား ဒါကောင်းတာပဲမဟုတ်ဘူးလား.."
"မေမေ့!..."
"ဟဲ့ ဘာလို့မအေကိုအော်နေတာလဲ?..."
"မေမေဘာလို့ဒီလိုလုပ်ရက်ရတာလဲ?...
ကလေးတစ်ယောက်ကို မေမေဘာလို့ဒီလိုလုပ်ရက်ရတာလဲ?..."