"ဟူး.......ညောင်းလိုက်တာကွာ...
ဈေးကိုအနှံ့လျှောက်သွားလိုက်ရတော့ ပင်ပန်းနေပြီ...""ဟုတ်တယ်...သားလည်းညောင်းနေပြီ..."
အိမ်ကိုပြန်ရောက်ပြီဆိုတာနဲ့..၂ယောက်လုံး ဧည့်ခန်းထဲက ခုံပေါ်မှာထိုင်ပြီး ညည်းနေကြလေသည်..။
"ရော့...ရေလေးသောက်လိုက်ကြပါဦး..."
"ကျေးဇူး ကိုလေး..."
"ကျေးဇူး ပါပါး.."
"ဟာ....စစ် ဦးခန့်ပြောတဲ့အတိုင်းလိုက်မပြောနဲ့လေကွာ..."
"ပြောပါဝူး...သားဘာသာပြောတာ..."
"အောင်မာ...ဘာကို သားဘာသာပြောတာလဲ?..
ဦးခန့်ပြောတဲ့အတိုင်းလိုက်ပြောနေပြီးတော့...ဟွန်း...""ဟုတ်ပါဝူးဆို..."
"ကဲ တော် ၂ယောက်လုံးပစ္စည်းတွေသိမ်းမယ်...
စစ် သားဝယ်လာတဲ့အရုပ်ကို အခန်းထဲသွားထားတော့လေ...""ဟုတ်..."
"မောင်ခန့်ကတော့ ကိုလေးနဲ့မီးဖိုဆောင်ကိုလိုက်ခဲ့...
ရှင်းစရာရှိတာ ရှင်းရအောင်...""ဟုတ်..."
ရိုးစေလည်း မောင်ခန့်ကိုခေါ်ပြီး..မီးဖိုဆောင်ကိုလျှောက်လာလိုက်သည်..။ ထင်သလောက်လည်း မီးဖိုဆောင်က ရှုပ်ပွမနေပါ..။
"ကိုလေး...ကိုလေး...ကိုခန့်..."
"လရောင်လား...အထဲဝင်ခဲ့လေ..."
"ဟုတ်..."
"လရောင် ဘာဖြစ်လို့လဲ?..."
"သြော်...ကိုလေးတို့နဲ့ အိမ်လာဝိုင်းရှင်းပေးမလို့လာတာပါ...
အကိုလေး လွှတ်လိုက်လို့...""ဘာမှလုပ်စရာတော့မကျန်တော့ပါဘူး...
မီးဖိုဆောင်ပဲရှင်းဖို့ကျန်တာ...""ကိုလေးတို့က ကိုယ့်ဘာသာချက်စားမှာလား.."
"အင်းလေ...
ဒါနဲ့ ဒီလျှပ်စစ်ပစ္စည်းတွေကကောင်းသေးလား...
မဝယ်လာခဲ့မျလို့...""ဟုတ်....အဲ့တာအကုန်အကောင်းတွေ...
ရေခဲသေတ္တာလည်း ကောင်းသေးတယ်...""လူမနေတဲ့အိမ်က ပစ္စည်းကကောင်းပါ့မလား..."
"ကောင်းပါတယ် ကိုခန့်ရဲ့...
အကိုလေးက တခါတလေဒီအိမ်မှာလာနေတယ်လေ...
သူ့ဘာသာလည်းချက်စားတယ်...
အဲ့တာကြောင့်မို့ပါ..."