"ကိုကို ကိုနေလနဲ့ကိုလေးတို့အခုချိန်မခေါ်ကြသေးဘူးသိလား.."
"ဟုတ်လား..."
"အင်း...ကျွန်တော်သွားတုန်းကလေ ကိုလေးက ကိုနေလကိုစကားလုံးဝမပြောဘူး..."
"သြော်..."
"အဲ့တာ ကျွန်တော်တို့ကူညီပေးကြမလားဟင်..."
"ဟင် Leoက ဘယ်လိုကူညီချင်လို့လဲ?..."
"အင်း....ညကျရင် သွားသောက်ကြမလား..."
"ဟမ်..."
"ဟုတ်တယ်လေ...
ညကျရင် ကိုလေးတို့အိမ်သွားပြီး နည်းနည်းပါးပါးသွားသောက်ကြမယ်လေ...
ဒီနေ့က ပိတ်ရက်ဆိုတော့ ကိုနေလလည်းအားမှာပဲလေ...""ပြော...Leoကိုယ်တိုင်က သောက်ချင်နေတာမလား..."
"မဟုတ်ပါဘူး..."
အဂ္ဂရင်ခွင်ထဲဝင်ပြီး သောက်မယ့်အကြောင်းပြောနေတဲ့Leoကြောင့် အဂ္ဂပြုံးပြီးနားထောင်ပေးလိုက်သည်..။ ရိုးစေတို့အကြောင်းပြပြီး သောက်ချင်နေတာကိုမသိဘူးရှာတော့..
"လိမ်တာ ကိုကိုမကြိုက်ဘူးနော်..."
"ဟီး နည်းနည်း...
ဘီယာပဲသောက်မယ်လေ...
မသောက်ရတာလည်း ကြာပြီဆိုတော့...
သောက်ချင်လာလို့...""Leoက သောက်ပြီးရင်ရစ်မှာ...
မသောက်နဲ့နော်...""ဟာ ကိုကိုကလည်း...
နည်းနည်းလေးပဲကို..နည်းနည်းလေးပဲသောက်မှာ...
သောက်ပြီးရင်လည်း မရစ်ဘူး...
တကယ်ပြောတာ...နော် နော်လို့...""ဟင်း......ဟုတ်ပြီလေ...
နည်းနည်းပဲသောက်ရမယ်နော်...""ဟီး ဟုတ်...
အဲ့တာကြောင့် ကိုကို့ကိုချစ်နေရတာ ရွှတ်..."သူလိုချင်တာရသွားတော့ အဂ္ဂရဲ့ပါးကိုနမ်းလေသည်..။ အဂ္ဂကလည်း ပြုံးဖြီးပြီး Leoကိုပြန်ဖက်ထားလေသည်..။
"အဲ့တာဆို ညနေကျရင် လမ်းထိပ်ကဆိုင်မှာသွားဝယ်ပြီး သွားကြမယ်နော်...
ဒီညတော့ အပီသောက်မယ်ဟေ့...""Leoနော်..."
"ဟီးဟီး နည်းနည်း..."
"အဟက်...
လာပါဦး ကိုကိုဖက်ထားဦးမယ်..."ပြောလိုက်တော့ Leoကအလိုက်သင့်လေး အဂ္ဂရဲ့ရင်ခွင်တိုးဝင်လာလေသည်..။ အခုလိုအခြေအနေကြောင့် ၂ဦးသားစိတ်ကြည်နူးရသည်လေ..။ ဒီလိုမှန်းသာသိရင် အချစ်ကိုသိုဝှက်မထားဘဲ အစောကတည်းကဖွင့်ပြောလိုက်ပါတယ်..။