"ညမရေး ညမရေး ဟီး..."
"ဒါ ကိုကို့ညမရေး...
Lemonညမရေးဟုတ်ဝူး...""ဟုတ်ရယ် ဟုတ်ရယ်..."
"ဟုတ်ဝူးဆို..."
"သစ် ညီလေးကိုအဲ့လိုမပြောရဘူးလေ...
ချစ်လေးက သစ်ရဲ့ညီမလေးလည်းဟုတ်တယ် Lemonရဲ့ညီမလေးလည်းဟုတ်တယ်...
ညီမလေးကိုအတူတူချစ်ကြနော်...""ဟုတ်..."
"ပါပါးသားငယ်လေးက လိမ္မာလိုက်တာ...
Lemonလေးလည်း ညီမလေးနဲ့ကစားနော်..""ဟုတ် ပါပါး.."
"ချစ်ဖို့ကောင်းလိုက်တာ ရွှတ်..."
"နမ်းနဲ့ နမ်းနဲ့လို့..."
ရိုးစေက Lemonလေးကိုနမ်းလိုက်တာကို ချစ်လေးကိုမြှူနေရင်းက သူ့ပါပါးနှုတ်ခမ်းကိုလက်နဲ့တားလေသည်..။
"အဟက် သစ်ကတော့လေ...
စစ် သားကစာလုပ်ရဦးမှာမဟုတ်ဘူးလား...
ထ ဟိုမှာကိုကိုလရောင်စောင့်နေတယ်..""ဟုတ် ပါပါး...
ချစ်လေး ကိုကိုစာသွားလုပ်ဦးမယ်နော် ရွှတ်..."စစ်လည်း သစ်ဖက်ထားတဲ့ချစ်လေးကိုနမ်းလိုက်ပြီး ထိုင်နေရာကနေထသွားသည်..။ ချစ်လေးကို ၃ယောက်သားမြှူနေရာကနေ သစ်က သူ့ညီမလေးဆိုပြီး ဖက်ထားလေသည်..။ စစ်နဲ့Lemonကတော့ ဘာမှမပြောဘဲ သစ်ဖက်ထားတဲ့ညီမလေးကို မြှူနေရသည်..။
၁နှစ်ပြည့်တော့မယ့် ချစ်လေးကလည်း သစ်ဖက်ထားရင် ငြိမ်နေတတ်သည်..။ စစ်နဲ့Lemonဖက်ထားရင်တော့ အဖက်မခံပေ..။ အဲ့တာကြောင့် သူ့ညီမလေးဆိုပြီး ကျန်တဲ့သူဖက်တာမခံပေ..။
Lemonလေးကလည်း တစ်ဦးတည်းသောသားလေးဖြစ်တာမို့ စစ်တို့မောင်နှမအပေါ် တော်တော်ခင်တွယ်သည်..။
"ညမရေး စား စား..."
"ညမရေး စားရိုက်ရေ..."
ခြေထောက်ကိုဆင်းထားတာ သစ်က ချစ်ကိုသူ့ပေါင်ပေါ်တင်ထားလေသည်..။
ကလေးက ကလေးကိုချီထားတယ်ဆိုတာ ထိုမြင်ကွင်းမျိုးဖြစ်သည်..။ Lemonလေးကတော့ သူ့အိမ်ကပါလာတဲ့ မုန့်လေးတွေကို ချစ်ကိုခွန့်ကျွေးနေသည်..။"ကဲ သစ်နဲ့Lemon ညီမလေးနဲ့ဆော့နေကြနော်..
ပါပါး သားတို့နေ့လယ်စာစားဖို့သွားပြင်လိုက်ဦးမယ်..."