Part-17(Uni)

27.8K 2.3K 127
                                    

"ကိုလေး ဒီအင်္ကျီကဘယ်သူ့အတွက်ထိုးပေးနေတာလဲ?..."

"ဒီလိုပါပဲ ထိုးချင်လာလို့..."

"ဟုတ်လို့လား မွေးနေ့လက်ဆောင်ပေးမလို့မဟုတ်ဘူးလား..."

"မ မဟုတ်ပါဘူး..."

"မသိပါဘူး မနက်ဖြန်ကိုနေလမွေးနေ့ဆိုတော့လက်ဆောင်ပေးမလို့လားလို့..."

"မဟုတ်ပါဘူး..."

"ဟီးဟီး ဟုတ်ပါပြီ..."

Leoလည်း ဘာမှဆက်ပြောမနေတော့ဘဲ ရိုးစေအင်္ကျီထိုးနေတာကိုကြည့်နေလိုက်သည်..။

"သြော် Leoကိုဖိတ်စရာရှိတယ်...
မနက်ဖြန်ည စစ်မွေးနေ့လေ...
Leoလာပေးနိုင်မလား..."

"ဟင်...မနက်ဖြန် စစ်မွေးနေ့..."

"အင်း ဟုတ်တယ်...
Leoက အဂ္ဂနဲ့အတူတူ နေလဂုဏ်ရောင်ရဲ့မွေးနေ့ကိုသွားမယ်ဆိုလည်း..."

"မသွားပါဘူး...
အဲ့မှာက ကိုကိုတို့သူငယ်ချင်းတွေပဲလာကျမှာ...
ကျွန်တော်ပျင်းတယ်...
စစ်မွေးနေ့ဆိုတော့ လာကိုလာရမှာပဲလေ..."

"ဟုတ်ပါပြီ...
မနက်ခင်း ဘုရားသွားမယ်...
ပြီးရင် ဖေဖေ့ဆီသွားပြီး နေ့လယ်စာအတူစားမယ်လေ..."

"သြော် ကောင်းပါတယ်...
ဒါနဲ့ ကိုနေလကိုကရော..."

"ဘာကိုလဲ Leo.."

"ကိုနေလနဲ့ရော အတူတူဘူရားမသွားဘူးလားလို့..."

"သူ့မှာ သူ့ကောင်မလေးရှိတယ်လေ..."

"အင်..."

ဟုတ်သားပဲ...
ကျွန်တော်မမေးလိုက်သင့်လိုက်ဘူး..

"sorry ကိုလေး..."

"ရပါတယ်...
ကိုလေးဘာမှမဖြစ်ပါဘူး..."

"မွေးနေ့ဆိုတာမျိုးက မိသားစုစုံစုံလင်လင်ရှိသင့်တာလေ..."

"ဟင်...Leoဘာပြောတာလဲဟင်..."

Leoရဲ့စကားကြောင့် ရိုးစေမှာအကြောင်သားဖြစ်သွားသည်..။ Leoတစ်ခုခုသိထားလို့လား...

"မဟုတ်ပါဘူး ကိုနေလလည်း မိသားစုနဲ့အတူရှိချင်မှာပဲလို့ထင်မိတာပါ..."

"သြော်..."

အမှန်တော့ Leoက သဘောရိုးသက်သက်ပြောလိုက်ခြင်းဖြစ်သည်..။

Six (စစ္) (completed)Where stories live. Discover now