"ဟပ်ချိုး!....
မွှန်တာကွာ...တောက်!...
ဒီလိုမှန်းသိရင် ညကခေါင်းမလျှော်ပါဘူး...ဟပ်ချိုး!..."နီရဲနေတဲ့မျက်နှာနဲ့အတူ နှာချေပြီးနေလတစ်ယောက် အခန်းထဲကထွက်လာသည်..။ နေလထွက်လာတဲ့အချိန် မျက်နှာချင်းဆိုင်အခန်းထဲမှ ရိုးစေလည်းထွက်လာသည်..။
နေလကိုမြင်တာနဲ့ ရိုးစေကမမြင်ချင်ယောင်ဆောင်ပြီး မီးဖိုဆောင်အခန်းထဲကိုဝင်သွားလေသည်..။
"ဘာလဲဟ...
အခုငါ့ကိုမမြင်ချင်ယောင်ဆောင်သွားတာလား...ဟပ်ချိုး!..."နေလလည်း အိမ်ကိုမပြန်သေးဘဲ ရိုးစေရဲ့အနောက်ကိုလိုက်လာလိုက်သည်..။
ထမင်းစားစားပွဲမှာ ဝင်ထိုင်လိုက်ပြီး ရိုးစေလုပ်သမျှကိုထိုင်နေကြည့်နေလိုက်သည်..။
"ငါ့ကိုနို့ပူပူလေးတစ်ခွက်လောက်ပေးပါ..."
"ကိုယ့်ဘာသာထလုပ်ပါလား...
မင်းမှာခြေတွေလက်တွေအကောင်းကြီးကို...""ရိုးစေရာ နို့လေးတစ်ခွက်လုပ်ခိုင်းတာကို ဘာလို့စကားတွေအများကြီးပြောနေတာလဲ?...
မင်းငါ့ကိုဘာတွေမကျေမနပ်ဖြစ်နေလို့ အခုလိုတွေပြောနေရတာလဲ?...""ဘာမှဖြစ်စရာအကြောင်းမရှိဘူး...
ခဏလေးစောင့်ဦး လုပ်ပေးမယ်...""ပြီးတာပဲ...အစောကတည်းက အခုလိုပြောလိုက်ရင်ပြီးနေတာကို..."
ရိုးစေလည်း ပွစိပွစိပြောနေတဲ့နေလကို လစ်လျူရှုထားလိုက်သည်..။
ကျောပေးပြီး နို့ကျိုနေတဲ့ရိုးစေကို နေလလည်းလိုက်ကြည့်နေမိသည်..။ ရိုးစေရာဘာလို့ဒီလောက်တောင်ပြောင်းလဲသွားလဲ?..
အရင်ကဆို သူ့နားရောက်တိုင်း မျက်နှာနီရဲနေတတ်တဲ့ကောင်လေးဟာ..အခုဆို မျက်နှာထားကိုတည်ထားတတ်သည်လေ..။ကျွန်တော်ကအတင်းနှင်ထုတ်နေရင်တောင် ဘေးနားမှာကပ်နေတတ်တဲ့ကောင်လေးဟာ..အခုဆို ကျွန်တော့်အနားတောင်မကပ်ချင်တော့ဘူးတဲ့လား..။
ဘာတွေက သူ့ကိုဒီလောက်တောင်ပြောင်းလဲစေသွားရတာလဲ?...
မေမေပြောသလို သူက အဖိုးကြီးတစ်ယောက်ကိုမြှူစွယ်လိုက်လို့ချမ်းသာသွားပြီး ဘဝင်မြင့်သွားတာလား..။