"အဲ့တာဆို ဘာလို့အိမ်အပြင်ကဖုန်တွေတက်နေတာလဲ?..."
"အဲ့တာက အကိုလေးလာနေရင် ဟိုသော့ခတ်ထားတဲ့အခန်းမှာပဲနေပါတယ်...
ကျန်တဲ့နေရာတွေကိုတော့ ဒီတိုင်းပဲပြစ်ထားထားတာ...
မီးဖိုဆောင်နဲ့သူ့အခန်းနဲ့ပဲ သုံးတာ...""သြော်...အကျင့်မကောင်းလိုက်တာ..."
"မောင်ခန့်..."
"ကျွန်တော်က ပြောပြတာပါ..."
ရိုးစေလည်း ခေါင်းသာခါလိုက်ပြီး..ဝယ်လာတဲ့ပန်းကန်တွေကို အစီအရီထားလိုက်သည်..။
"လရောင်က ဒီကိုရောက်တာဘယ်လောက်ကြာပြီလဲ?..."
"၃နှစ်ကျော်ပြီ ကိုလေး..."
"သြော်..."
"ကျွန်တော်က ကြီးကြီးစိန်ရဲ့တူပါ...
ဒီကိုလည်း ကြီးကြီးစိန်ပဲခေါ်လာတာလေ...
ရွာမှာက အဖေရောအမေရောဆုံးသွားတာမို့ ကျွန်တော်လည်း ကြီးကြိးစိန်နဲ့အတူလိုက်နေဖြစ်သွားတာ...""သြော်...
လရောင်က ဟင်းတွေဘာတွေချက်တတ်လို့လား...""ဟုတ် အကိုလေး...
ကျွန်တော် ထမင်းဟင်းကောင်းကောင်းချက်တတ်ပါတယ်..""အင်း ထမင်းကြော်အရသာနဲ့တင် ကိုလေးသိပါတယ်..."
"ဟုတ်..."
ရိုးစေတို့လည်း စကားတပြောပြောနဲ့ပဲ မီးဖိုဆောင်ကိုရှင်းလင်းတာပြီးသွားလေသည်..။
"ဟူး......အခုမှပဲပြီးသွားတော့တယ်..."
"ကိုခန့်က ဘာမှလည်းမလုပ်ဘဲနဲ့ ညည်းနေတယ်.."
"အောင်မာ...ငါကအကြီးကြီးတွေကို ဝိုင်းမပေးရတာလေ..."
"ဟုတ်ပါပြီ...
ကဲ...ဒီမှာ ပန်းသီးလေးစားကြဦး..."ရိုးစေလည်း ပန်းသီးစိတ်ပန်းကန်ကိုယူပြီး မောင်ခန့်တို့ရှေ့မှာ ချပေးလိုက်သည်..။
"စားကြဦးနော်...
ကိုလေး စစ်ကိုသွားခေါ်လိုက်ဦးမယ်...""ဟုတ်..."
ရိုးစေလည်း မောင်ခန့်တို့ကိုထားခဲ့ပြီး..စစ်ရှိရာအခန်းထဲကိုဝင်လာလိုက်သည်..။
စစ် ထွက်မလာပါလားမှတ်တယ်..ကုတင်ပေါ်မှာ အိပ်ပျော်နေတာကိုး..။
Part-4
Start from the beginning