"အဲ့တာဆိုလည်း မင်းသူ့ကိုလက်ထပ်လိုက်ပေါ့...
လက်ထပ်ရမယ့်သူက အခြားလူလည်းမဟုတ်ပါဘူး...
ဦးလင်းမြိုင်ရဲ့သား ရိုးစေရာလေ..."ရိုးစေရာ...ဒီနာမည် ကျွန်တော်သေချာသိနေတတယ်...
"ဦးလင်းမြိုင်ဆိုတာ ကျွန်တော့်အိမ်ကနေထွက်သွားတဲ့ ခြံစောင့်ဦးလင်းမြိုင်ကိုပြောတာလား...
ရိုးစေရာဆိုတာ သူ့သား...""ဟုတ်တယ်...သူတို့သားဖပဲ...
ဘယ်က ဘယ်လိုချမ်းသာတယ်တော့မသိဘူး...
မေမေပိုက်ဆံချေးမိတဲ့သူက သူဖြစ်နေတာပဲ...
သူမှန်းသိရင် မေမေမချေးခဲ့ပါဘူး...""ကျစ်...ကျွန်တော်စိတ်ဆင်းရဲတယ်ဗျာ...
သူ့ကို အချိန်လေးစောင့်ခိုင်းလို့မရဘူးလား...""မရဘူး...တစ်ပတ်အတွင်းမပေးရင် အိမ်နဲ့ခြံကိုသိမ်းမယ်တဲ့...."
နေလတစ်ယောက် စိတ်တွေရှုပ်ထွေးလွန်းလို့ ခေါင်းကိုသာကုတ်နေမိသည်..။
"ဝသုန့်ကို မေမေပြောထားပေးပါ့မယ်...
သားပိုက်ဆံပြည့်သွားတဲ့နေ့ကျ သူနဲ့ကွာရှင်းလိုက်ပေါ့...""သားတို့ အိမ်နဲ့ခြံကို သူတို့ကိုပေးလိုက်မယ်လေ..."
"အဲ့လိုမရဘူး...
မေမေအပေါင်းအသင်းတွေကို မေမေဘယ်လိုမျက်နှာပြရမှာလဲ?...
အထည်ကြီးပျက်ဆိုပြီးတော့ သူတို့ကလှောင်ကြမှာ...
မင်း မေမေအလှောင်ခံရတာမြင်ချင်လို့လား...
မင်းမေမေ့ကိုမချစ်ပါဘူး...
ရပါတယ် သားဘက်က သူ့ကိုလက်မထပ်ချင်နေမှတော့..မေမေတို့အိမ်နဲ့ခြံကို သူ့တို့ကိုပေးလိုက်ရုံပဲပေါ့...
မေမေ အလှောင်ခံရလည်း ဘာမှမဖြစ်ပါဘူးလေ...""လက်ထပ်မယ်...
ကျွန်တော် ရိုးစေရာကိုလက်ထပ်ပါ့မယ်...""သားတကယ်ပြောတာနော်...
အဲ့တာဆို မေမေသူတို့ကိုဖုန်းလှမ်းဆက်လိုက်တော့မယ်...
မနက်ဖြန် မေမေတိ့အတူသွားကြတာပေါ့...""ဟုတ်..."
နေလလည်း မေမေ့ကိုနှုတ်ဆက်ပြီး အခန်းထဲကိုသာ ပြန်လာလိုက်သည်..။ ကုတင်ပေါ်လှဲချလိုက်ပြီး အတွေးတွေကို နယ်ချဲ့မိသည်..။
"ရိုးစေရာ...."
၄နှစ်လောက်ပျောက်ကွယ်သွားပြီးမှ ဘာလို့ပြန်ပေါ်လာရတာလဲ?...
မင်းငါ့ကို ဘယ်တော့မှကောင်းကျိုးမပေးဘူး...
ငါ့ဘဝထဲကပျောက်ကွယ်သွားပြီးရင်လည်း ပြန်ပေါ်မလာသင့်တော့ဘူးလေ...အဟက်...အခုပြန်ရောက်လာတော့လည်း ကလေးတစ်ယောက်အဖေ ငါလက်ထပ်ရမယ့်လူတဲ့လား....
ငါမထင်ထားဘူး..မင်းလိုကောင်က လိုချင်တာကိုမရရအောင်ယူတတ်လိမ့်မယ်လို့...အဟက်....
မင်းကလိုချင်တာကို မရရအောင်ယူတတ်ပေမယ့်..ငါဘက်ကတော့ မင်းလိုချင်တာကိုဘယ်တော့မှ ပေးမှာမဟုတ်ဘူး...
နေလလည်း လှဲနေရာကနေထထိုင်လိုက်ပြီး..အံဆွဲထဲက စာအုပ်တစ်အုပ်ကိုဖွင့်ကြည့်လိုက်သည်..။ စာအုပ်ကိုဖွင့်လိုက်တာနဲ့ လက်ရေးဝိုင်းဝိုင်းလေးနဲ့ရေးထားတဲ့စာကြောင်းလေးတွေကို မြင်လိုက်ရသည်..။
ပထမတစ်ရွက်မှာတော့...
📖 အကိုလေးက ကျွန်တော့်အပေါ်မှာ အရမ်းဆိုးပေမယ့်..ကျွန်တော် အကိုလေးကိုချစ်တယ် 📖
ဒုတိယတစ်ရွက်မှာတော့...
📖 ဒီနေ့ အကိုလေးကျွန်တော့်ခေါင်းကိုခေါက်တယ်..သူ့ကို ခံပြောလို့တဲ့...
အခေါက်ခံရတာနာပေမယ့်..ကျွန်တော့်ဘက်က အကိုလေးကို အပြစ်မမြင်ပါဘူး...
ဟီးဟီး ကျွန်တော်ကချစ်ရသူလေ 📖တတိယတစ်ရွက်မှာတော့...
📖 အကိုလေး ဒီနေ့အရမ်းခန့်တာပဲ...
အကိုလေး သူငယ်ချင်းတွေနဲ့စကားပြောနေတာတွေ့ရတာ ကျွန်တော်သိပ်သဘောကျတာပဲ..
ကျွန်တော်လည်း သူငယ်ချင်းတွေ ရှိချင်လိုက်တာ...
မွေးနေ့ကိတ်လှီးနေတဲ့အကိုလေးကို ခိုးကြည္်နေရတာလည်း ကျွန်တော်နှစ်စဉ်လုပ်နေကျအလုပ်တစ်ခုလိုပါပဲ 📖စာအုပ်ရဲ့အလယ်ပိုင်းမှာတော့..လက်ရေးအကြီးကြီးတွေရေးထားတဲ့ စာတန်းကိုတွေ့ရသည်..။
📖 ကျွန်တော် အကိုလေးကို အရမ်းချစ်တယ် 📖
"အဟက်...ရူးကြောင်ကြောင်နိုင်လိုက်တာ..."
နေလလည်း စာအုပ်ကိုပြန်သိမ်းလိုက်ပြိး..ရေချိုးဖို့ကိုပြင်လိုက်သည်..။
ဖြစ်နိုင်ရင်..မနက်ဖြန်ဆိုတာကို မရောက်စေချင်ဘူး..။ ဘာလို့ဆို..တချိန်က ကိုယ့်အိမ်မှာအလုပ်သမားဖြစ်ခဲ့တဲ့လူတွေကို ခခယယသွားတွေ့ရမှာဖြစ်လို့ပါပဲ.....
"မင်းတို့အလှည့်ရောက်လာပြီဆိုတော့လည်း လုပ်ထားဦးပေါ့...အဟက်....."
့
Part-1(Uni)
Start from the beginning