Chapter 137: ထန်းမိုကိုရှာသည်။

583 76 0
                                    

UNICODE

Translator- Th/ Aster Editor- Aster

ထင်တဲ့အတိုင်းပဲ ထန်းမိုကထုံးစံအတိုင်း‌ပြောစကားနားထောင်မှာမဟုတ်ပေ။

ထန်းကျင်းချီလည်းဒါကိုသိလေသည်။ သူလည်းဘာမှမတတ်နိုင်တာနဲ့ သူ့အလှည့်ရောက်ဖို့ခုန်ဆွခုန်ဆွနဲ့ စောင့်နေသည့် ထန်းကျင်းရှန်းကိုပဲ ဖုန်းလွှဲပေးလိုက်သည်။

ထန်းမိုကထန်းကျင်းရှန်းနဲ့ ထန်းကျင်းယီတို့နဲ့ ပြောပြီးသွား‌တော့မှ ‌ဖုန်းကနောက်ဆုံးမှာ ထန်းဝမ်စစ်လက်ထဲပြန်ရောက်လာ‌သည်။

သူဖုန်းချလိုက်‌ပြီးနောက် ထန်းမိုကသူ့ကိုကူညီဖို့ နာမည်ကြီးဒါရိုက်တာရှာပေးထားသည့်အကြောင်းကို ထန်းကျင်းချီကပြောပြလိုက်သည်။

"မိုမိုကအရမ်းတော်တာပဲ" ထန်းကျင်းရှန်းက ပါးစပ်ဟောင်းလောင်းတောင်ဖြစ်သွားသည်။

"ကျွန်တော်တို့ကအစ်ကို့ကိုဘာလို့မနာလိုရမှာလဲ? ဒါတွေကမိုမိုဒုက္ခခံပြီးလုပ်ပေးရမယ့်ကိစ္စတွေမှမဟုတ်တာကို" ထန်းကျင်းရှန်းက သက်ပြင်းတချချနဲ့ပြောသည် "ထန်းကျင်းယီနဲ့ကျွန်တော့်အတွက်ကိုပါ ညီမလေးက ဆရာတစ်ယောက်ဆီ တကယ်ရှာပေးချင်နေတာပဲ။ ကျွန်တော်တို့မိသားစုထဲမှာ သူမကအငယ်ဆုံးဆိုတာ သူမ မေ့နေတာလား?"

"ငါလည်းဒါပဲပြောချင်တာ။ သူ့ရဲ့အစ်ကိုကြီးတွေအနေနဲ့ သူမကိုငါတို့ဘာမှကူညီမပေးနိုင်ဘူး။ အဲ့အစား သူမအကူအညီတွေကိုပဲ ငါတို့ကလက်ခံနေရတယ်။ ဒါကလက်ခံနိုင်စရာမှမဟုတ်တာ" ဒီကိစ္စတွေအားလုံးကိုခြုံပြီးစဉ်းစားကြည့်လိုက်ပြီးနောက် ထန်းကျင်းချီက အလေးအနက်ပြောလာသည် "မိုမိုကငါတို့သုံးယောက်ကိုသိမ်ငယ်စေတာပဲ"

ထန်းကျင်းရှန်းနဲ့ထန်းကျင်းယီလည်းခေါင်းငုံ့သွားကြသည်။

ထန်းကျင်းချီလည်းသက်ပြင်းချလိုက်ကာ ပြောလာသည်။ "အခုငါတို့မှာက ဘာအစွမ်းအစမှရှိတာ မဟုတ်ဘူး။ ဒါကငါတို့အသုံးမကျတာကို ပြနေတာပဲ။ သိပ်ပြီးလည်းစိတ်ညစ်မနေနဲ့။ တကယ်လို့မင်းတို့နှစ်‌ယောက် မိုမိုလုပ်ပေးတာတွေကို စိတ်မလုံဘူးဆိုရင်လည်း ငါတို့ကိုမိုမိုထပ်ပြီးစိတ်ပူစရာမလိုတော့တဲ့အထိ သန်မာလာအောင် မြန်မြန်လေးသာ အလုပ်ကြိုးစားကြတော့"

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now