အပိုင်း-၉၆(အိမ်ပြင်ထွက်ခွင့် အပိတ်ခံရခြင်း)

1.5K 200 0
                                    

Translator- HMM Editor- Aster

UNICODE

ဆရာမ - "ဒါက မင်းညီမကြောင့်ပဲ မဟုတ်လား? ကောင်းပြီ၊ ငါ ခွင့်ကို အတည်ပြုပြီးပြီ။သွားလိုက်ပါ။"

သူ့ညီမအကြောင်း နားထောင်ရတာ ငြီးငွေ့နေပြီမို့ ဒီတစ်ခါတော့ လူတိုင်းအတွက် အဆင်ပြေအောင် လုပ်ပေးလိုက်သည်။

ထို့ကြောင့် ယနေ့ အခန်းအနားတွင် ထန်းမိသားစု အားလုံး တက်ရောက်ကြသည်။

မင်ယဲ့ချင် ၏ မိဘများသည်လည်း တက်ရောက်ကြပြီး ထန်းမိသားစုနှင့် တွေ့ဆုံရန် ရောက်ရှိလာကြသည်။

ချင်မုယဲ့ သည်လည်း ထန်း မိသားစုနှင့်အတူ လာခဲ့သည်။

ထန်းမို အတန်းတွေ ကျော်သွားပြီးနောက်တွင်လည်းသူမဘယ်တော့မှ ဝိုင်းပယ်ခြင်းမပြု‌ပေ။

ဝေကျီချင်က ထန်းမို‌ နောက်မှာ ရှိတယ်ဆိုတာ လူတိုင်းသိကြပါသည်။

သို့သော်ဝေကျီချင် မရှိဘဲ ထန်းမိုနှင့် ရန်ငြိုးရန်စရှိပြီးအငြိုးထားခဲ့သောသူမှာ ချင်မုရှောင်းနှင့် အနည်းငယ်မျှသာ ရှိသည်။

ဝေကျီချင်အထက်တန်းပြီးသွားပြီးနောက် သူချန်ထားခဲ့သည့် လွှမ်းမိုးမှုက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။

ကျောင်းသားမိဘတွေက ထန်းမိုနှင့် ဝေကျီချင်ကြားတွင် ကောင်းမွန်သည့် ဆက်ဆံရေးရှိသည်ဟု ကောလဟလတွေကြားရသော်လည်း ဝေကျီချင်ကျောင်းပြီးတော့ နှစ်တွေအများကြီးကြာလာကာ လူအများစုက တဖြည်းဖြည်းမေ့ပျောက်သွား၏။

ထန်းမိသားစုသည် အလွန်နှိမ့်ချတတ်‌သောသူဖြစ်ပြီး ဝေမိသားစုနှင့် သူတို့၏ဆက်ဆံရေးကောင်းကို ဘယ်သောအခါမှ ကြွားဝါခြင်းမရှိပေ။

ထို့ကြောင့် ထန်းမိသားစုသည် ကျီရှားအကယ်ဒမီတွင် ရပ်နေပြီးတခြားသူများက တစ်ယောက်ကိုတစ်ယောက် မိတ်ဆက်နေကြသည့် မိဘများဖြင့် ဝန်းရံထားသော်လည်း ထန်း မိသားစုထံသို့ မည်သူမျှ မရောက်ခဲ့ကြပေ။

သူတို့၏အမြင်အရ ထန်းမိသားစုနှင့် ခင်ခင်မင်မင်ရင်းရင်းနှီးနှီး‌ နေစရာမလိုအပ်‌‌ ပေ။

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now