အခန်း ၁၉ : မြေးတူမအဖြစ် အသိအမှတ်ပြုခြင်း

3.9K 593 22
                                    

UNICODE

ဒါပေမယ့် ချင်မုယဲ့က ပိုပြီး တိတ်ဆိတ်သွားသည်။ တစ်ချိန်တည်းမှာပဲ သူမက ဒီနှစ်ယောက်ကို တော်တော်သည်းခံထားရတာဖြစ်သည်။

ချင်မုရှောင်းက အကြောင်းရင်းမရှိဘဲ တခြားသူတွေရဲ့ပစ္စည်းကို လုတတ်ပြီး ချင်မုရုန်ကတော့ ယွမ်ကဲချင်ထက်ပိုပြီး Level မြင့်သည့် စူပါ လက်ဖက်စိမ်းမဖြစ်နေသည်။ သူမရဲ့ မိဘနှင့်တစ်ဦးတည်းသော အစ်ကိုကလည်း အရမ်းကို အလုပ်ရှုပ်နေကြသည်။

ထန်းမိုနှင့်လို မတူတာက ထန်းမိုတွင်လည်း ယွမ်ကဲချင်ရှိပေမယ့် ယွမ်ကဲချင်က သူငယ်တန်းအဆင့် လက်ဖက်စိမ်းမသာ ဖြစ်သည်။ ယွမ်ကဲချင်နဲ့ ကိစ္စရှင်းရတာက သူမအတွက် အရမ်းကို လွယ်ကူလှသည်။ သူမ(မိုမို)ရဲ့ မိဘတွေကလည်း အမြဲသူမကို စောင့်ကြည့်နေတတ်သည်။ သူမအစ်ကို သုံးယောက်ကတော့ ပြောနေစရာကို မလိုပေ။ သူတို့ရဲ့ အလိုလိုသိစိတ်ထဲတွင် လူတိုင်းက သူမကို အနိုင်ကျင့်နေကြတာပဲလို့ တွေးနေကြတာဖြစ်သည်။ ထို့ကြောင့် သူတို့ရဲ့ ညီမငယ်လေးကို ဝိုင်းနေသည့်လူတွေကို အမြဲ သတိထားပြီး ကာကွယ်တတ်ကြသည်။

ယှဉ်ကြည့်ရရင်တော့ ချင်မုယဲ့ရဲ့ဘဝမှာ ပြောထွက်လို့မရသည့် နာကျင်မှုတွေက ထန်းမိုထက်ပြည့်နေသည်။ ချင်ညီအစ်မအပေါ် ချင်မုယဲ့၏ စိတ်ရှည်မှုတွေက ဘယ်လောက်တောင် စိန်ခေါ်နေလဲဆိုတာ ထန်းမို တွေးကြည့်လို့တောင်မရပေ။

"သူတို့ နှာခေါင်းအောက်မှာပဲ အကြာကြီးကို ချင်ညီအစ်မတွေက နင့်ကို အနိုင်ကျင့်နေတာကို နင့်မိဘတွေကို သိခွင့်ပေးလိုက်တဲ့အခါကျရင် သူတို့ကိုကောင်းကောင်းဆက်ဆံပြီး မိသားစုလို ချစ်ပေးတာတွေ သဘောထားကြီးတာတွေကြောင့် သေချာပေါက် သူတို့က ဝမ်းနည်းပြီး ချင်ညီအစ်မတွေကို စိတ်ပျက်သွားမှာပဲ... သူတို့က ပြုသမျှအနုခံနေရတာကို သိသွားပြီးရင် ဒီကိစ္စတွေကို ပေါ့ပေါ့တန်တန်ထားတော့မှာမဟုတ်ဘူး" ထန်းမိုက ချင်မုယဲ့လက်ကို ကိုင်လိုက်သည်။

"အဲ့လိုဖြစ်သွားမှာလား" ချင်မုယဲ့ရဲ့ နှုတ်ခမ်းတွေက တုန်နေပြီး သူမ မျက်ဝန်းတွေမှာ အနည်းငယ်စိုစွတ်လာသည်။ "ငါတစ်ခါမှ အဲ့ဒါကို မတွေးမိခဲ့ဘူး"

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now