အခန်း ၇၉: ဖျားနာမှု

2.2K 313 2
                                    

Translator- HMM      Editor- Aster

UNICODE

"ဒါပေမယ့် ဒါက ကျီချင်ကြောင့်ဖြစ်တာပါ။" မထင်မှတ်ဘဲ ရှောင်မန်ဟန်သည်လည်း ဝေမင်ဝမ် ၏ အတွေးနဲ့တစ်ထပ်တည်းဖြစ်နေခဲ့သည်။ သူတို့နှစ်ဦးစလုံး ထန်းမိသားစုကို နာမည်ပျက်စေခဲ့တာ အပြစ်ပေးခံသင့်သည်။

"ကျီချင်ကြောင့် ဘယ်လိုလုပ်ဖြစ်ရမှာလဲ?" ရှုမင်ကျန်းက ရှောင်မင်ဟန် ရဲ့လက်ကို ကိုင်လိုက်ပြီး "ကျီချင် ဒဏ်ရာရသွားတာနဲ့တင် ရှင့်မှာစိုးရိမ်နေရပြီ။ ချင်မုရုန် ၏အမှားကြောင့်ကို့ကိုယ်ကို နောက်ထပ်ဒုက္ခပေးစရာ မလိုပါဘူး။ ကျီချင်က တမင်တကာ‌ထိခိုက်အောင်လုပ်တာလဲမဟုတ်သလို ချင်မုရုန် လာဖို့ကို ပြောခဲ့တာမှမဟုတ်တာ။ ကျီချင် အတွက်၊ ဒါက မထင်မှတ်ထားပဲပြဿနာ ဖြစ်ရတာ။သူများတွေ အပြုအမူအတွက် နဲ့ ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။"

ထန်းဝမ်စစ် က "ကျွန်တော်တို့ထဲက တစ်ယောက်မှ မမှားပါဘူး"

"မှန်တယ်!" ရှုမင်ကျန်း က အားတက်သရော ခေါင်းညိတ်ပြီး သဘောတူပြီး "ကျွန်မတို့ထဲက တစ်ယောက်မှ အမှားမဟုတ်ဘူး"

ယခုအချိန်တွင် ဝေမိသားစုမှ သူမကို မေ့ပျောက်နိုင်မည်ဟု မျှော်လင့်ထားလျှင် ဝေမိသားစုသည် ချင်မိသားစုအား သူမအကြောင်းကို ပြောပြရန် သတိရမည်မဟုတ်ပေ။ ဒါကြောင့် ချင်မုရုန် သည် သူမရဲ့တည်ရှိနေမှုကို လျှော့ချရန် အကောင်းဆုံးကြိုးစားခဲ့သည်။

ထန်းဝမ်စစ် နှင့် ရှုမင်ကျန်း တို့ပြောနေသည်ကို နားထောင်ပြီးနောက်၊ချင်မုရုန်သည် မနေနိုင်တော့ဘဲ အရမ်းကို အထင်သေးသွားသည်။

'ထန်းဝမ်စစ် နဲ့ ရှုမင်ကျန်းတို့ သူတို့ကိုယ်သူတို့ဘယ်လိုတွေးနေတာလဲ။ ဝေမိသားစုကိုဖားယားပြီး သူမကို လာဆုံးမနေတာပဲ။'

"အိမ်တော်ထိန်းကျိုး" ဝေမင်ဝမ် က သူ့မျက်နှာတွင် တင်းမာနေသည့်အမူအရာဖြင့် ပြောလာသည်။ "မစ္စချင် ကို ပြန်လွှတ်လိုက်ပါ။ အခုကစပြီး ကျွန်တော်တို့နဲ့ ထန်းမိသားစုကလွဲလို့ ဘယ်သူမှ မလာစေနဲ့"

"ဟုတ်ကဲ့ဆရာ။" အိမ်တော်ထိန်းကျိုးက ခေါင်းညိတ်ပြပြီး ချင်မုရုန် ဆီသို့ လျှောက်သွားသည်။

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now