အပိုင်း-၉၃ စိတ်ထားယုတ်တာကိုပေါ်လွင်အောင်စကားမပြောရ

2.1K 267 6
                                    

Translator – HMM       Editor- Aster

UNICODE

သူမသည် ဓာတ်ပုံမှတ်ဉာဏ်ရှိပြီး သူမဖတ်ပြီးသည်နှင့် အရာအားလုံးကို မှတ်မိသည်။

တစ်ခါတစ်ရံတွင်ဝေကျီချင် သည် ထန်းမိုအရမ်းအပျင်းကြီးသောကြောင့် အကူညီမဲ့နေသလို ခံစားခဲ့ရသည်။

သူမသည် နိုင်ငံအတွင်း အထူးချွန်ဆုံး သိပ္ပံပညာရှင်များထဲမှ တစ်ဦးဖြစ်လာရန် အလားအလာရှိနေသည်။

"ဟုတ်လား?" ကျောင်းအုပ်ကြီးမူသည် အနည်းငယ် အံ့သြသွားပြီး အနည်းငယ် သံသယဝင်သွားသည်။

ထန်းမို၏ သိပ္ပံဘာသာသည်အလွန် ကောင်းမွန်သော်လည်း သူမ၏ ဝိဇ္ဇာဘာသာရပ်များ၏ ရမှတ်များသည်လည်း တကယ်ကို အံ့သြဖွယ်ကောင်းသည်။ သူမရဲ့ ပညာရပ်က ကောင်းနေရင်တောင် ပြီးပြည့်စုံတဲ့ ရမှတ်တစ်ခုရဖို့တော့ လွယ်မှာမဟုတ်ဘူး မလား။

ကျောင်းအုပ်ကြီးမူ သည် ထန်းမိုကဲ့သို့ ထူးချွန်သော ကျောင်းသားများကို အရေးတကြီး လိုအပ်နေသောကြောင့် သူမအပေါ် ဘာသံသယများမှမဝင်မိပေ။

သူမ စိတ်ဆိုးပြီး ဟွားတက္ကသိုလ် မှာ စာရင်းသွင်းခဲ့မယ်ဆိုရင် သူ လွန်စွာနောင်တရနေလိမ့်မည်ဖြစ်သည်။

"သူမ ဘေဂျင်းတက္ကသိုလ်ကို လာရမယ်။ ဘေဂျင်းတက္ကသိုလ်က သူမလို အရည်အချင်းရှိတဲ့သူ‌တွေနဲ့ပြည့်နေဖို့ လိုတယ်။" ကျောင်းအုပ်ကြီးမူက ချက်ချင်းဆုံးဖြတ်လိုက်သည်။

ထန်းမို ကြားခွင့်ရဖို့အတွက် ဝေကျီချင်က သူတို့ရဲ့ စကားပြောဆိုမှုကို စပီကာဖွင့်ပြလိုက်သည်။

ထန်းမိုကို ဘေကျင်းတက္ကသိုလ်မှာပဲ စာရင်းသွင်းဖို့ ကျောင်းအုပ်ကြီးမူက အခု စကားတွေကို ဗရမ်းဗတာ ပြောနေခဲ့သည်။

"ဆုံးဖြတ်ချက်ချဖို့ ထန်းမိုကို ခဏပဲစောင့်ခိုင်းထား‌ပေး။ ငါချက်ချင်းအစည်းအဝေးလုပ်ပြီး ဆု‌ပေးတဲ့အစီအစဉ်တစ်ခုဆွဲမယ်။ ပြီးတာနဲ့ ထန်းမိုဆီ ပို့ပေးမယ်။" ကျောင်းအုပ်ကြီးမူပြောပြီးတာနဲ့ သူဖုန်းချသွားသည်။

ထန်းဝမ်စစ် က ဆိုဖာတွင်ထိုင်ရင်း ရှုမင်ကျန်း၏လက်ကို ဆုပ်ကိုင်ထားသည်။ "ဘေဂျင်းတက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီးတောင်မှ မိုမိုအတွက် ပြိုင်ဆိုင်နေပြီး ဒီကလေးလိုချင်တဲ့ အနေအထားတိုင်း လိုက်လျောဖို့ လုပ်နေတာပဲ။"

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now