အပိုင်း-၁၁၈: ဝေကျီချင် ပြောသည့် ရက်စက်သောစကားတွေ

954 131 0
                                    

UNICODE

Translator- HMM Editor- Aster

ထန်းမိုသည် သူမကိုသူမ မထိခိုက်အောင် နှစ်ထောင်ပေါင်းများစွာ စုဆောင်းထားသည့် လက်ဖက်စိမ်းမ စကေး ကို အားကိုးပြီး ရှောင်တိမ်းခဲ့သည်။

ဒီနေ့ ရွံစရာကောင်းတဲ့ လူတွေက တစ်ယောက်ပြီးတစ်ယောက် သူrဆီရောက်လာတာ ဘယ်လို့လဲ?????
ထန်းမို လှည့်ကြည့်လိုက်တော့ ချင်မုရုန် ရောက်လာတာကို တွေ့လိုက်ရသည်။

ပထမနှစ်သမားတွေတောင်မှ ဒဏ္ဍာရီလာချင်မုရုန်အကြောင်းကို သိကြသည်။
အထူးသဖြင့် ယောက်ျားလေးတွေ... သူတို့ကျောင်းမှာ အလှဆုံးလို့ ယူဆရတဲ့ ဒီကောင်မလေးကို ငေးမကြည့်ပဲမနေနိုင်ကြပါ‌ပေ။

သူမသည် ချင်မိသားစုတွင် မွေးဖွားလာကာ ထင်ရှားသော မိသားစု၏ နောက်ခံရှိသူဖြစ်ပြီး ကျောင်းတွင် အလှဆုံး မိန်းကလေးလည်း ဖြစ်သည်။

ပုံမှန်ဆိုလျှင် ချင်မုရုန်ကဲ့သို့သော ချမ်းသာကြွယ်ဝသည့် အမွေဆက်ခံသူအား အင်တာနက်ပေါ်တွင်သာ မြင်တွေ့နိုင်သည်။
ကျောင်းမှာ သူမကို လူကိုယ်တိုင်တွေ့ဖို့ မမျှော်လင့်ထား ပေ။

ဒါပေမယ့် ချင်မုရုန် က ထန်းမို ဆီကို လျှောက်လာပြီး ထန်းမို နဲ့ ယှဉ်ရပ်လိုက်တဲ့အခါမှာတော့ သူမဟာ ကောလဟလတွေထဲကလိုမျိုး မလှဘူးဆိုတာ လူတိုင်း တွေ့ရှိသွားသည်။

မည်သို့ပင်ဖြစ်စေ သူမသည် ထန်းမို လောက်မလှပေ။
တကယ်ကို သူမက သာမန်ထက်လှတယ်ဆိုရုံလောက်သာ။
ဘယ်လိုမှ နှိုင်းယှဥ်ပြီး ပြောစရာကိုမလို‌ပေ။

ချင်မုရုန်တစ်ယောက်တည်းရပ်နေလျှင်တော့ အသက်ရှူမှားလောက်စရာအလှဖြစ်နေလိမ့်မည်။

ယခုမူ ထန်းမိုသည် သူမဘေးတွင် ယှဉ်ရပ်နေသောကြောင့် ချင်မုရုန်က မှေးမှိန်သွားသည်။

"အစ်မ မုရုန်" ထန်းမိုသည် သူမနှင့် ချင်မုရုန်အကြားတွင် ဘာပြသနာမှမရှိသကဲ့သို့ ချစ်စဖွယ်ပြုံးနေကာ "ဘာလို့ဒီကိုရောက်နေတာလဲ။ ကျောင်းတက်ဖို့ လိုသေးတယ်လေ"

"ဒီနေ့က မင်းရဲ့ ပထမဆုံး လေ့ကျင့်မှုစတဲ့နေ့ဆိုတာ သိလိုက်ရလို့ မင်းကိုတွေ့ဖို့ ငါလာခဲ့တာ။" ချင်မုရုန် က ထန်းမို၏လက်ကို ချစ်ခင်စွာ ဆုပ်ကိုင်ထားပြီး ပြောလာသည်။ "ဘယ်လိုနေလဲ။ အသားကျပြီလား? ပင်ပန်းနေလား?"

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now