အခန်း ၄၄

2.6K 417 1
                                    

UNICODE

"ဒါပေမယ့် ငါပြေးတာကမြန်တယ်လေ" ပုံမှန်ဆို ချင်မုယဲ့က သူမ ဘယ်ချိန်ပဲဖြစ်ဖြစ် ပြေးနေတာဖြစ်သည်။ သူမက လမ်းလျှောက်တာထက် ပြေးနေတာကများသည်။

ဒီအရည်အချင်းက အခုချိန်မှာ အသုံးဝင်သည်။

"နင်မပြေးနိုင်တော့ရင် ငါ့တာဝန်ထားလိုက်။ ငါ စာရေးကိရိယာဆိုင် ပြေးသွားပြီး နင့်အတွက် သွားဝယ်ပေးမယ်" ချင်မုယဲ့က ပြေးရင်း ထန်းမိုကို ပြောလိုက်သည်။ "ပြီးတော့ နင်ပြောသလိုပဲ နည်းနည်းလေးနောက်ကျတာနဲ့ စာမေးပွဲ မဖြေဖို တားမှာတော့မဟုတ်ဘူး။ ကျောင်းဝင်ခွင့်စာမေးပွဲလည်း မဟုတ် ကောလိပ်ဝင်ခွင့် စာမေးပွဲလည်း မဟုတ်ဘူးလေ။ အဲ့တော့ စည်းမျဉ်းက အဲ့လောက်မတင်းကြပ်ဘူး"

ထနး်မိုက အရမ်းထိရှသွားသည်။ "နင်က သူငယ်ချင်းကောင်းပဲ မုယဲ့"

"ငါ့ကို အရမ်းမယဉ်ကျေးနဲ့ မဟုတ်ရင် ငါစိတ်ဆိုးတော့မှာ" ချင်မုယဲ့က ထန်းမိုကို ဆွဲခေါ်ရင်း ပြေးနေသည်။ "စကားပြောတာရပ်ပြီး ပြေး"

သူတိုနှစ်ဦးက သူတိုရဲ့ ခြေတိုလေးတွေဖြင့် စာရေးကိရိယာဆိုင်ကို ပြေးသွားသည်။

ထန်းမိုနှင့် ချင်မုယဲ့ ထွက်သွားသွားချင်းပဲ ချင်မုရှောင်းက မတ်တပ်ထရပ်ကာ စာသင်ခန်းထဲရှိ လူငါးယောက်ကို သတိပေးလိုက်သည်။ "အခုဖြစ်ခဲ့တာကို ထန်းမိုကို တစ်လုံးမှ မဟနဲ့။ ဘယ်သူပဲဖြစ်ဖြစ် သေပြီသာ မှတ်"

ထိုငါးယောက်က သူတိုခေါင်းကို ငုံလိုက်ကြသည်။ သူတိုက ချင်မုရှောင်းနှင့် မဆန့်ကျင်ရဲပေ။

*

"မင်းတိုနှစ်ယောက် ဘယ်သွားကြဖိုလဲ? ဘာကို အလျင်လိုနေတာလဲ? စာမေးပွဲက စတော့မှာကို" ထန်းမိုနှင့် ချင်မုယဲ့ သွားနေရင်းလမ်းတစ်ဝက်မှာ ဝေကျီချင်နှင့် တိုးတော့သည်။

အထက်တန်း စာမေးပွဲက မူလတန်း စာမေးပွဲပြီး နှစ်ပတ်ကြာမှဖြစ်သည်။ ထိုအတွက်ကြောင့် ဒီနေ့ကို ဝေကျီချင်က စာမေးပွဲမရှိပေ။

"သမီးရဲ့ ဘောပင်တွေ အကုန်ကျိုးသွားလို့ စာမေးပွဲဖြေရင် သုံးစရာမရှိတော့ဘူး။ စာရေးကိရိယာဆိုင်သွားပြီး ဘောပင်အသစ်နဲ့ ခဲတံအသစ်သွားဝယ်မလို" ထန်းမိုက လျင်မြန်စွာ ရှင်းပြလိုက်သည်။

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now