အခန်း- ၆၇: ရှက်စရာကောင်းတဲ့ သိမ်ငယ်စိတ်တွေ....

2.4K 336 0
                                    

Translator- HMM Editor- Aster

UNICODE

ထန်းမိုက အခုမှ အရမ်းလှလာမယ်လို့ သူမလုံးဝကို မထင်ထားခဲ့ပေ။

ထန်းမို၏မျက်နှာကို သူမငယ်ငယ်တုန်းကလိုနှင့် မတူတော့ပေ။

ထန်းမိုသည် ငယ်စဉ်ကပင် အနည်းငယ်မျှသာ ချောမောပြီး ချစ်စရာကောင်းခဲ့သည်ကို သတိရမိသော်လည်း ကလေးတိုင်းက ငယ်စဉ်ကပင် ဖြူစင်ပြီး ချစ်စရာကောင်းသူတိုင်း ကသာ လှပနေမည် သာဖြစ်သည်။

ကလေးဘဝတုန်းက လှသူတိုင်း ၊ ကြီးပြင်းလာတဲ့အခါ ရုပ်ရည်ပိုလှနိုင်မည် မဟုတ်ပေ။

ဒါပေမယ့် ထန်းမိုမှာ ရင်သပ်ရှုမော လှပတဲ့ မျက်နှာရှိမည်ဟု ဘယ်လို ထင်ပါ့မလဲ။

"ဟုတ်တယ်၊ အစ်မက ထန်းမိုကို သိပ်မတွေ့ဖူးဘူးလေ။ မိုမိုငယ်ငယ်တုန်းကပဲ တွေ့ဖူးတာကိုး " ချင်မုယဲ့ သည် သူမ၏ မကျေမနပ်ဖြစ်နေသောအမူအရာကိုမြင်သောအခါ ဝမ်းသာအားရခံစားရသည်။

ချင်မုရုန်သည် သူမတွင် ရုပ်ရည် လှပသဖြင့် ကြိုးစားလျှင် ပိုင်ဆိုင်ရမည်ဟု ခံစားရကာ ဝေကျီချင် နောက် ကို ဆက်လက်လိုက်ရန် ယုံကြည်မှုရှိခဲ့သည်။

ယခုဆိုလျှင် ထန်းမို ရုပ်ရည်အောက်တွင် သူမသည် မှိန်ဖျော့သွားသည်ကို ချင်မုရုန် က မြင်နိုင်သည်။

ချင်မုရုန် ဒေါသအမျက်ထွက်လာသည်ကိုမြင်သောအခါ......

"ကြီးပြင်းလာတာနဲ့အမျှ အမျိုးသမီးတွေရဲ့ အသွင်အပြင်က ပြောင်းလဲလာတယ်။ ဒါပေမယ့် မုရှောင်း ပြောတာ မကြားဖူးဘူးလား။ မိုမိုက မနှစ်ကတည်းက ကျီရှားအကယ်ဒမီမှာ အလှဆုံးမိန်းကလေးပဲ... မူလတန်းကျောင်းကနေ အထက်တန်းကျောင်းအထိ သူမကို ယှဉ်နိုင်တဲ့သူ မရှိသေးဘူး။" ချင်မုယဲ့ ဝမ်းမြောက်စွာ ချီးကျူးခဲ့သည်။

ဒီလို ဂုဏ်ယူစရာကောင်းတဲ့ သူငယ်ချင်းကောင်းတစ်ယောက်ရှိတာ အရမ်းဝမ်းသာရသည်။

ထန်းမို ငယ်ငယ်တုန်းကတော့ သူမဟာ ကလေးတစ်ယောက်မို့ သိပ်မသိသာပေ....

ဒါပေမယ့် ပြီးခဲ့တဲ့နှစ်ကစပြီး သူမဟာ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက် ဖြစ်လာချိန်ကစပြီး သူမရဲ့ မျက်နှာအသွင်အပြင်ဟာ ရုတ်တရက် ရင့်ကျက်လာသည်။ သူမသည် အလွန်လှပလာသဖြင့် လူတိုင်းက အကြည့်မလွှဲဘဲ မနေနိုင်ကြပေ။

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now