အပိုင်း-၁၃၂ ဟန်ချက်မညီမှု

636 82 0
                                    

UNICODE

Translator- HMM Editor- Aster

"အဲဒီဂုဏ်ထူးဆောင် ပါမောက္ခနှစ်ယောက်အကြောင်း မင်းကြားဖူးလား။ တစ်ယောက်က ထန်းမိုကို တရုတ်ဌာနကို လာစေချင်ပြီး ကျန်တစ်ယောက်က သူrကို သမိုင်းဌာနကို လာစေချင်တယ်။ သူတို့မှာ သူမကိုလုရင်း ရန်ဖြစ်နေကြတယ်။ ထန်းမို ဘဏ္ဍာရေးဌာနမှာရှိ‌နေတာက သူမအရည်အချင်း‌တွေကို ဖြုန်းတီးတာပဲလို့တောင် ပြောကြတာ"

"သူတို့ ဆိုလိုချင်တာက ထန်းမိုသာ မေဂျာပြောင်းရင်၊ သူမက ငါတို့နိုင်ငံအတွက် အလွန်အရေးကြီးတဲ့ သုတေသန စွမ်းရည်ရှိသူ ဖြစ်လာနိုင်တယ်တဲ့။"

"ထန်းမိုရဲ့ ကောလိပ်ဝင်ခွင့်စာမေးပွဲစာစီစာကုံးက သူ့ရဲ့သုတေသနအတွက် အတွေးသစ်အမြင်သစ်ကို ပေးသွားတယ်လို့တောင် ပါမောက္ခတန်က ပြောသွားသေးတာ။"

"စာစီစာကုံးကို ထန်းမိုက မပေးပါဘူး။ ပါမောက္ခတန်က စာစီစာကုံးကို ပထမဆုံးဖတ်ပြီးကတည်းက လေ့လာနေတာတဲ့။ အဲ့ဒါကိုသေချာလေ့လာပြီးမှ ထန်းမိုကအမှန်တကယ်လေးလေးနက်နက်ကိုနားလည်‌သဘောပေါက် နေကြောင်း သူတို့သိလိုက်ရတာ။ သူမက ဒီခေါင်းစဉ်ကို မတော်တဆ‌ဖြေခဲ့တာမျိုး မဟုတ်ဘူး။"

"ဒါကြောင့် ထန်းမိုက ဘဏ္ဍာရေးဌာနကနေ တရုတ်ဌာန ဒါမှမဟုတ် သမိုင်းဌာနကို ပြောင်းရွှေ့မယ်ဆိုရင်၊ သူမဟာ အလွန်ဦးစားပေးခံရတဲ့ ကျောင်းသားတစ်ယောက်ဖြစ်လာပြီး ပါမောက္ခတွေနဲ့အတူ သင်နိုင်မှာပါ"

"သုတေသနတာဝန်တွေလုပ်ရတာနဲ့အမျှ..." တစ်စုံတစ်ယောက်က ချင်မုရုန်ကို တမင်စိုက်ကြည့်ကာ "သူမက အဓိက သုတေသနလုပ်ဆောင်ချက်တွေကိုတောင် ပါလာနိုင်တယ်။ အစ်ကိုဝူရှောင်းယဲ့နဲ့ အစ်မဝမ်ယွဲ့မုတို့လိုမျိူးလေ။ တောက်တိုမယ်ရပဲလုပ်ရတဲ့ တစ်ချို့ကျောင်းသားတွေလို ဘယ်ဟုတ်တော့မလဲ..."

သူက ချင်မုရုန်ကို ပြောတယ်ဆိုတာ သိသာသည်။

ဝမ်ယွဲ့မုက သူမက ချင်မုရုန်ကို မသိကြောင်း သေချာအောင် ပြောထားပြီးသားလေ။ ဝူရှောင်းယဲ့ကလည်း ချင်မုရုန်ကို အလေးအနက်မထားတာ သိသာသည်။

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now