အခန်း ၄၉

2.7K 345 1
                                    

UNICODE

"နင်က မင်ယဲ့ချင်ကို သူတိုကိုမေးစေချင်တာလား?" ထန်းမိုက ချင်မုယဲ့ရဲ့ ဆိုလိုရင်းကို ချက်ချင်း ခန့်မှန်းလိုက်နိုင်သည်။
"အို မိုမို နင်က ငါ့ကို အရမ်းနားလည်တာပဲ" ချင်မုယဲ့က ထန်းမိုကို ပျော်ရွှင်စွာဖြင့် ဖက်လိုက်သည်။ သူတိုက လှိင်းလုံးတစ်ခုထဲမှာပင်။

ချင်မုယဲ့က သူတိုဖက်ထားတာကို လွှတ်ပြီး မင်ယဲ့ချင်ကို ပြောလိုက်သည်။ "ထန်းမိုနဲ့ ငါနဲ့က သူတို သိထားတာကို သွားမေးရင် သူတိုက သေချာပေါက်ငြင်းမှာပဲ။ ငါတိုက ချင်မုရှောင်းနဲ့ အဆင်မပြေဘူးဆိုတာ သူတိုသိတယ်။ ဒါပေမယ့် နင်ကတော့ မတူဘူး။ ချင်မုရှောင်းက နင့်ကို ရန်မလုပ်ဘူး။ ဘာဖြစ်ထားလဲဆိုတာ နင်က သူတိုကို သွားမေးရင် မိုမိုကြောင့်လို သူတိုထင်မှာမဟုတ်ဘူး"

ချင်မုဖုန်းက ပြုံးပြီး ရေနွေးတစ်ငုံသောက်ကာ ပြောလိုက်သည်။ "ငါ့ညီမလေးက အရမ်းထက်တာပဲ"
သူမက ပုံမှန်ဆို ဂရုမစိုက်သလိုဖြစ်ပေမယ့် တကယ့်တကယ်အချိန်တွေမှာတော့ သူမက လိမ္မာပါးနပ်သည်။

"မိုမိုကရော အဲ့လိုမတွေးလိုလား" ဝေကျီချင်ကပြောလိုက်သည်။

"ဒီလိုဆိုရင် တတ်နိုင်သမျှ မြန်မြန်သူတိုကို ပြောရအောင်။ အမှတ်တွေကြေညာချိန်ကျ ငါတို ကျောင်းကို ပြန်သွားရမယ်။ ဆောင်းရာသီအားလပ်ရက်ပြီးတဲ့အထိ အချိန်ဆွဲနေရင် ငါတို မလုပ်နိုင်တော့မှာကို စိုးရိမ်တယ်" မင်ယဲ့ချင်က ထန်းမိုဘက်ကို လှည့်ကာမေးလိုက်သည်။ "နင်ရော ဘယ်လိုထင်လဲ?"
ဒီမတော်တဆမှုမှာ ထန်းမိုပါဝင်တဲ့အတွက် ထန်းမိုရဲ့အတွေးကိုလည်း သိသင့်သည်ဟု သူထင်သည်။

"နင် ချင်မုရှောင်းကို ဖော်ထုတ်ချင်လား" ချင်မုယဲ့က ထန်းမိုရဲ့အဖြေကို စိတ်လောတကြီး စောင့်နေသည်။
သူတိုနှစ်ယောက်က အတွေးတူတယ်ဆိုတာ ချင်မုယဲ့ သေချာချင်သည်။

"ဒါပေါ့" ထန်းမိုက ပြန်ဖြေလာသည်။ "အရင်က ငါတိုမှာ သက်သေမရှိခဲ့ဘူး။ ငါတိုအတန်းဖော်တွေက ချင်မုရှောင်းလုပ်တာကို မျက်မြင်ပေမယ့် သူတိုက ပြောဖို ငြင်းတယ်။ ငါတို ထုတ်ဖော်ဖို တခြားနည်း မရှိဘူး" သူမက ဝေကျီချင်ကို အသုံးမချချင်ပေ။ "ငါ့ကို ထောက်ခံဖိုနဲ့ နင်က ချင်မိသားစုကိုသုံးမယ်လို ငါမမျှော်လင့်ခဲ့ဘူး။ ပြီးတော့ ငါတိုအတန်းဖော်တွေက ချင်မုရှောင်းလုပ်တာကို ပြောပြလိုက်တာနဲ့ပဲ အကျိုးအမြတ်ရမှာမဟုတ်လို သူတိုက ပါမှာမဟုတ်ဘူး"

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now