အပိုင်း-၉၇ (အထင်ကြီးလွန်းခြင်း)

1.9K 242 3
                                    

Translator- HMM Editor- Aster

UNICODE

"ထန်းမို၊ ဟန်ဆောင်မနေစမ်းပါနဲ့။" ချင်မုရှောင်း က သူမကို လှောင်ပြောင်ပြီးပြောလိုက်သည်။ "အစ်ကို ကျီချင် ဒီနေ့ မလာတော့ဘူး မဟုတ်လား"

ထန်းမိုက အပြစ်ကင်းတဲ့ အကြည့်နဲ့ ပြောလာသည်။ "အန်ကယ်လေး လာမယ်လို့ ငါဘယ်တုန်းက ပြောဖူးလို့လဲ"

"ဒါက နင့်ရဲ့အထက်တန်းဆင်းပွဲအခမ်းအနား အရေးကြီးတဲ့နေ့လေ မင်းရဲ့မိသားစုက ဒီမှာရှိတယ်။ အစ်ကို ကျီချင်က နင့်ကို အရမ်းတန်ဖိုးထားတယ်ဆိုရင် ဒီနေ့သူလာရမှာမဟုတ်ဘူးလား။" ချင်မုရှောင်းက ဟာသကို သဘောကျနေဟန်ဖြင့် သူမရှေ့တွင် လက်ပိုက်လိုက်သည်။ "နင်လည်း အရှိကို အရှိအတိုင်းပဲ နေသင့်တာ.......တကယ်တော့၊ အစ်ကိုကျီချင်က နင့်ကို အလေးအနက်မထားဘူးလေ"

ထန်းမိုက ပြုံးပြီးပြောလိုက်သည်။ "ဒါက နင်နဲ့ ဘာဆိုင်လို့လဲ"

"နင်က ခေါင်းကြောမာတာပဲ။ ငါနဲ့တော့မဆိုင်ပါဘူး ဒါပေမယ့် ဒီလောက်နှစ်တွေအများကြီး နင်က လူတွေကို အရူးလုပ်နေတာ ဒီတိုင်း သည်းမခံနိုင်တော့လေ" ချင်မုရှောင်းက အကျယ်ကြီး ပြောလာသည်။ "အစ်ကိုကျီချင် ကျောင်းပြီးသွားပြီး ကျီရှားအကယ်ဒမီမှာ မရှိတော့တာကို အခွင့်ကောင်းယူပြီး နင်က သူ့ဂုတ်ခွစီးနေတာလေ။ လူတိုင်းက နင်အရူးလုပ်တာကိုခံရတာ ၇နှစ်တောင် ရှိသွားပြီ"

ချင်မုရှောင်း ပြောတာကို အနီးနားက ကျောင်းသားတော်တော်များများ ကြားလိုက်ကြသည်။

ချင်မုရှောင်း ပြောတာ မှန်သလား?

"မဖြစ်နိုင်ဘူးနော်။ ဖြစ်နိုင်လို့လား?"

"ထန်းမိုက‌ ဝေကျီချင်နဲ့တစ်ကယ်သာ ဒီလောက်ဆက်ဆံရေး ကောင်းရင် ချင်မုရှောင်း က သူ့ကိုဒီလိုအမှား‌ ပြောဆိိုရဲမှာမဟုတ်ဘူးလေ"

"သူမက ၇နှစ်တောင် လိမ်ထားတယ်? လွန်ခဲ့တဲ့၇နှစ်က သူမအသက်ဘယ်လောက်ပဲရှိဦးမှာလဲ? ကလေးလေးက ဘယ်လိုလုပ်ပြီး အရမ်းကောက်ကျစ်ရတာလဲ?"

ပတ်ဝန်းကျင်တွင် တီးတိုးသံတွေပြည့်လာ၏။

"ချင်မုရှောင်း!!တော်သင့်ပြီ.... ဟိုတစ်ခေါက် ပြဿနာတတ်တာ နင်သင်ခန်းစာမရ‌သေးပဲ မေ့သွားပြီလား"

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now