အပိုင်း ၉၄(ဒီက‌လေးတွေက အင်တာဗျူးလို့ ရမယ့်သူတစ်ယောက်မှ မဟုတ်ဘူး)

1.6K 199 0
                                    

Translator- HMM Editor- Aster

UNICODE

"ဟုတ်ကဲ့" ထန်းမိုက နာခံစွာ ခေါင်းညိတ်သည်။

သူမသည် မင်ယဲ့ချင်ကို သူငယ်ချင်းအဖြစ်သာ မှတ်ယူခဲ့သည်။ သူမသည် အနာဂတ်တွင်လည်းမင်ယဲ့ချင် နှင့် လက်တွဲမည်ဟု တစ်ခါမှ မတွေးခဲ့မိပေ။

ထို့ကြောင့် ယခု သူမသည် ဝေကျီချင်နှင့် သူ့အစ်ကိုပြောသည့်စကားကို တုံ့ဆိုင်းမနေဘဲ သဘောတူလိုက်သည်။

ဝေကျီချင် သည် သူတို့ထွက်လာပြီဖြစ်ကြောင်း သိစေရန်အဖွား‌ ဝေတို့အိမ်ကို ခေါ်လိုက်သည်။

ချင်မုယဲ့နှင့် မင်ယဲ့ချင်လည်း သူတို့နှင့်အတူ လိုက်လာကြောင်းလူကြီးနှစ်ယောက်သိရှိပြီးနောက် မင်ယဲ့ချင်စာမေးပွဲတွင် ရမှတ် 745 မှတ်ရခဲ့တာကိုထပ်ဂုဏ်ပြုရန်အလုပ်ရှုပ်သွားခဲ့သည်။

"ငါတို့ မီးရှူးမီးပန်း လွှတ်လို့ မရပေမယ့် အကတွေ ဖျော်ဖြေဖို့ လူတွေ‌‌ ခေါ်လို့ရတယ်လေ။ ဘာလို့ မခေါ်တာလဲ။" သခင်ကြီးဝေက အကြီးအကျယ်ဖြစ်အောင်စိတ်ကူးရင်း ပြောလာသည်။ "ဗုံတွေ တအားတီးရင် ပွဲလမ်းသဘင် ပုံစံတော့ဖြစ်မှာပဲ။ ပြီးတော့ ခြင်္သေ့အကသမားတွေရဲ့ ပါးစပ်ထဲကနေ ထွက်လာမယ့် ကာရန်တူစာလုံးရေကဗျာတွေရှိတယ်မဟုတ်လား။ တစ်ရွက်မှာက မိုမိုက အမှတ်ပြည့်ရတယ်ရေးပြီးတော့ နောက်တစ်ခုမှာက မင်ယဲ့ချင်က ငါးမှတ်ပဲလျော့တာကို ရေးခိုင်းရမယ်"

အဘွား ဝေသည် ပထမအပိုင်းကို ကြားသောအခါ အကြံကောင်းသည်ဟု ခံစားမိသော်လည်း ဒုတိယအပိုင်းတွင် တစ်ခုခုမှားနေပြီဟု ခံစားမိသည်။

"ငါးမှတ်လျော့ ဘာအဓိပ္ပါယ်တုန်း?" သခင်မကြီးက မကျေမနပ်ပြောတော့သည်။ "စာမေးပွဲမှာ သိပ္ပံတွဲမှာ သူက အမှတ်အများဆုံးရတာလေ။ အမှတ်ပြည့်ထက် ငါးမှတ်ပဲနည်းတာ။ ဒါပေမယ့် ငါးမှတ်လျော့တယ်လို့ ပြောတာနဲ့ လုံးဝမတူဘူး၊ ဟုတ်ပြီလား?"

ဟွန့်! သခင်ကြီးက ဘက်လိုက်သည်။ "သိပ္ပံတွဲမှာ အမှတ်ပြည့်ရတာ မရတာက မသေချာသေးဘူး။ မှန်တာတစ်ခုကတော့ သူက ငါတို့ မိုမိုထက် ၅မှတ်နည်းနေတာပဲ"

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now