Chapter 112: သူမအတွက် ယှဉ်ပြိုင်ကြခြင်း။

966 121 1
                                    

UNICODE

"လင်းဖူရှီ နင်က အရမ်းကို နှိမ့်ချတတ်တာပဲ"

"ဟုတ်တယ် စကားလည်း တိုးတိုးပဲပြောတယ်။ ပညာတော်သင်ဆု အပြည့်ရတာကိုတောင် မပြောဘူး။ နင်အရမ်းကို မဝံ့ကြွားတတ်ဘူးပဲ"

"နင်က အရမ်းကို တော်တာပဲ။ အဲ့တော့ နင်လုပ်နိုင်တာ တခြားသူတွေ သိအောင် လုပ်ရမယ်"

ထန်းမိုက ၁၅နှစ်ပဲ ရှိသေးတာကို အလေးထားတယ်မဟုတ်လား?
အခု ထန်းမိုက လင်းဖူရှီရဲ့ အောင်မြင်မှုနဲ့ ပုံစံအောက်မှာ နစ်မြုပ်သွားပြီ။

"ငါ ကြွားရတာ မကြိုက်ဘူး" ထန်းမိုလို မဟုတ်ဘဲ သူမက ဖြည်းဖြည်းချင်း အယုံသွင်းတတ်သည်။

တခြားသူတွေကလည်း ထန်းမိုကို တွေးမိသွားပြီး သူမကို ကြည့်ကြသည်။

လင်းဖူရှီက အရမ်းကို ခပ်လျှိုလျှိုနေဖို့ ကြိုးစားပေမယ့် သူမစိတ်ထဲမှာတော့ အရမ်းကို ဝံ့ကြွားနေသည်။

လင်းဖူရှီက ထန်းမိုကို ကြည့်လိုက်သည်။

ဘယ်လိုလဲ?

ကျောင်းကပေးတဲ့ ပညာတော်သင်ဆုအပြည့်နဲ့ ငါက နင့်ထက်သာတာကို သက်သေပြသွားပြီမဟုတ်လား?

ရုတ်တရက် တံခါးခေါက်သံကြားလိုက်သည်။

ဆရာမဟန်က တံခါးဖွင့်ပေးလိုက်တော့ သူမ တောင့်တင်းသွားပြီး အံ့အားတကြီးမေးလာသည်။ "ပါမောက္ခကု ဆရာ ဒီကို ဘာလို့ ရောက်လာတာလဲ?"

"ထန်းမိုက မင်းရဲ့ အတန်းထဲမှာလို့ ငါကြားတယ်" ပါမောက္ခကုရဲ့ အသံက တံခါးဆီကနေထွက်လာသည်။ "ငါ ဝင်လာလို့ရမလား"

"ဒါပေါ့ ရတာပေါ့" ဆရာမဟုန်က လျင်မြန်စွာ ပါမောက္ခကုကို ဖိတ်ခေါ်လိုက်သည်။

ကျောင်းသားတွေအကုန် ပါမောက္ခကုကို ကြည့်လိုက်ကြသည်။

သူတို့က ဘဏ္ဍာရေးပိုင်းဆိုင်ရာ မေဂျာဆိုသော်လည်း ပါမောက္ခကုလို ထိပ်တန်းပါမောက္ခတွေကို လေးစားကြည်ညိုကြသည်။

ပါမောက္ခကုက ဘေဂျင်းတက္ကသိုလ်မှာ သင်ကြားသော်လည်း သူတို့ တွေ့ချင်တိုင်း တွေ့လို့ရတဲ့သူတွေ မဟုတ်ပေ။
ပါမောက္ခကုက နိုင်ငံမှာ အရေးကြီးဆုံး ပါမောက္ခတွေထဲက တစ်ယောက်ဖြစ်သည်။

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now