အခန်း ၄၃

2.6K 408 2
                                    

UNICODE

"အို သိပြီ" ထန်းမို မတ်တပ်ရပ်လိုက်သည်။ "ကျေးဇူးပဲ"

လီရှင်းယွန်က အင်တင်တင်ဖြင့် ပြုံးပြလိုက်သည်။ သူမက ခေါင်းငုံံ့ကာ သူမခုံသို့ လျှောက်သွားသည်။

ထန်းမိုလည်း ဘာမှအရမ်းမတွေးတော့ပေ။ ချင်မုရှောင်းရှိနေလို့ဖြစ်ရမယ်လို့ပဲ သတ်မှတ်လိုက်သည်။

မင်ယဲ့ချင်ကလွဲလို့ ကျန်တဲ့သူတွေအကုန်လုံးက ချင်မုရှောင်းရဲ့ အမိန့်ဖြစ်သည့် သူမကို ဖယ်ကျဉ်ကြမည်ဆိုသည်ကို မလိုက်နာတော့ပေမယ့်လည်း ဘယ်အတန်းဖော်ကမှ သူမနှင့် သူငယ်ချင်း မဖြစ်ချင်ကြပေ။

သူမကို အပြစ်လုပ်လို့ရတယ် ဆန့်ကျင်လို့ရတယ်လို့ မတွေးကြပေမယ့်လည်း ချင်မုရှောင်းကိုလည်း မဆန့်ကျင်ရဲကြပေ။
သူတို့နှစ်ယောက်လုံးနှင့် ရင်းနှီးတာ မကောင်းဘူးလို့ သတ်မှတ်ထားကြတာကြောင့် ခပ်ခွါခွါပဲ နေကြသည်။

ထန်းမိုကတော့ သူတို့ ဘာတွေးနေလဲဆိုတာ ဂရုမစိုက်ပေ။ ချင်မုယဲ့ကို ရှာဖို့သာ အတန်းထဲကနေထွက်သွားလိုက်သည်။

ချင်မုယဲ့အခန်း၏ တံခါးဝကို ထန်းမိုရောက်တော့ ချင်မုယဲ့က သူမအတန်းဖော်တွေနှင့် စကားပြောနေသည်။

ထန်းမိုက ခေါင်းခါရင်း သက်ပြင်းချလိုက်သည်။ ချင်မုယဲ့ရဲ့ အတန်းတွင်း ကျော်ကြားမှုက သူမထက် အများကြီးသာသည်။
သို့သော်လည်း သူမက ချင်မုယဲ့ကို မခေါ်ခင် ချင်မုယဲ့က သူမကို အရင်မြင်ပြီး တံခါးဝသို့ ပြေးလာသည်။

နေ့တိုင်း ချင်မုယဲ့က ခွန်အားတွေအပြည့်နှင့်ဖြစ်သည်။ ဘယ်နေရာကို ဘယ်ချိန်ပဲ သူမသွားသွား လမ်းလျှောက်ရမည့်အစား ပြေးနေသည်။

"မိုမို" ချင်မုယဲ့က တံခါးဝဆီပြေးလာကာ မေးလိုက်သည်။ "စာမေးပွဲက စတော့မှာလေ။ ဘာလို့ နင်က ဒီကိုရောက်နေတာလဲ?"

"နင်ပဲ ငါ့ကိုရှာနေတာမဟုတ်ဘူးလား" ထန်းမိုက မေးလိုက်သည်။

"မဟုတ်ပါဘူး နင့်ကို ငါရှာနေတယ်လို့ ဘယ်သူပြောတုန်း" ချင်မုယဲ့က သိချင်စိတ်ဖြင့် မေးလိုက်သည်။

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါΌπου ζουν οι ιστορίες. Ανακάλυψε τώρα