အခန်း ၈ - သူ့ဆီ တွယ်ကပ်မည်

3.7K 595 15
                                    

UNICODE

ဝေ့ကဲလီ မျက်မှောင်ကြုတ်သွားသည်။ ရှုမင်းကျန်းက ဖော်ရွေသည့်ပုံပေါက်ပေမယ့် နောက်ကွယ်မှာ ယွမ်ကဲချင်အပေါ် ရက်စက်မယ်လို့ သူ မမျှော်လင့်ထားပေ။ ရှုမင်းကျန်းက ယွမ်ကဲချင်အပေါ် အဲ့လိုမပြောခဲ့ဘူးဆိုရင် ဒီစကားတွေရဲ့အဓိပ္ပါယ်ကို သူမက ဘယ်လိုလုပ်နားလည်မှာလဲ? ယွမ်ကဲချင်က ငယ်သေးတယ်လေ

သူတို့က မိသားစုမဟုတ်ဘူးလား?

ဝေ့ကဲလီက ယွမ်ကဲချင်အပေါ် သနားသွားကာ လက်ကို ဆန့်ထုတ်ပေးရင်း ပြောလာသည်။

"ရပါတယ် အစ်ကိုက ခေါ်လာတယ်လို့ ပြောလိုက်မယ်"

ထန်းဝမ်စစ်က သူ့ရဲ့ မင်းသမီးလေးကို ချီထားချိန်မှာပဲ ယွမ်ကဲချင်ရဲ့အသံကို ရုတ်တရက်ကြားလိုက်သည်။

"အန်ကယ်၊ အန်တီ"

ထန်မိသားစုလည်း ရင်းနှီးသည့်အသံကြားလိုက်လို့ လှည့်ကြည့်လိုက်သည်။

ယွမ်ကဲချင်မဟုတ်ဘူးလား? ဝေ့ကဲလီက ယွမ်ကဲချင်လက်ကို ကိုင်ကာ ဝင်လာတာကို သူတို့မြင်လိုက်သည်။

ယွမ်ကဲချင်က ထန်ဝမ်စစ်ရဲ့လက်ထဲက ထန်းမိုကို အောင်ပွဲခံနေသည့် ပုံဖြင့် ကြည့်လိုက်သည်။

ထန်မိသားစုက သူမကို ဒီမခေါ်လာတော့လည်း ဘာအရေးလဲ? ဝေ့ကဲလီကိုယ်တိုင် သူမကို ခေါ်လာပြီလေ

"ကဲချင် သမီးက ဘာလို့ ဒီရောက်နေတာလဲ" ရှုမင်းကျန်းက ရှုပ်ထွေးနေသည့်ဟန်ဖြင့် မေးလိုက်သည်။

ယွမ်ကဲချင်က ပြန်မဖြေဘဲ ရှုမင်းကျန်းက သူမကို တစ်ခုခုလုပ်မှာစိုးလို့ ကြောက်သည့်ပုံဖြင့် ဝေ့ကဲလီနောက်တွင် ပုန်းလိုက်သည်။

ရှုမင်းကျန်း မျက်မှောင်ကြုတ်သွားသည်။ သူမက ဆူတော့မယ့်ပုံစံလို ယွမ်ကဲချင်က တုန့်ပြန်နေသည်။

ရှုမင်းကျန်းက နောက်ကွယ်မှာ ယွမ်ကဲချင်ကို လွန်လွန်ကဲကဲဆက်ဆံတဲ့ပုံလို့ ဝေ့ကဲလီခံစားလိုက်ရသည်။ အဲဒါကြောင့် သူက ယွမ်ကဲချင်အစား ပြန်ဖြေပေးလိုက်သည်။

"ကဲချင်ကို မွေးနေ့ပွဲလာဖို့ ကျွန်တော်ခေါ်လာတာ"

ဝေ့ကဲလီက ခေါ်လာတာ? ရှုမင်းကျန်းက လီရှန်းရုန်ကို မေးခွန်းထုတ်သည့် ဟန်ဖြင့် ကြည့်လိုက်သည်။

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now