အခန်း ၁၇: သူ့ရဲ့တူမအရင်းလို ပျိုးထောင်ခြင်း

3.9K 569 19
                                    

UNICODE

ထန်းမိုလိုကလေးမလေးတစ်ယောက်က ဝေမိသားစုနှင့် ရင်းနှီးလာမှာကို အရွယ်ရောက်နေတဲ့ ယောကျာ်းတစ်ယောက်က တကယ်ကြီးကို တားချင်နေသည်။ ဒီသနားခံသည့် အကွက်က တကယ်ရွံဖို့ကောင်းသည်။

ရှုမင်းကျန်းက ဘာမှမပြောခင်မှာ ထန်းဝမ်စစ်က သူ့ရဲ့သမီးလေးကို ကာကွယ်ရန် ပြောဖို့လုပ်တော့သည်။

သူတောင်ဘာမှမပြောခင်မှာပဲ ဝေကျီချင်က ပြောလာ၏။ "ဒီကလေးက ကျွန်တော်တို့ မိသားစုကပဲ"

ဒါကို ကြားရချိန်မှာ ထန်းညီအစ်ကိုက သည်းမခံနိုင်တော့ပေ။

"မိုမိုက ကျွန်တော်တို့မိသားစုဟာကို ဘယ်လိုလုပ်ပြီး သူ့မိသားစုကဖြစ်သွားရတာလဲ" ထန်းကျင်းရီက အရမ်းကို စိတ်ဆိုးသွားသည်။ "သူက ကျွန်တော်တို့ ညီမလေးကို ခိုးချင်နေတာပဲ"

သူပြောပြီးတာနှင့် ဝေကျီချင်က ထပ်ပြောလာတာကို ကြားလိုက်ရသည်။ "ကျွန်တော့်တူမ"

ထန်းမိုကိုလန့်အောင် ရိုင်းစိုင်းစွာပြောလိုက်သည့် ထိုလူရဲ့ မျက်နှာက ရှက်သွားပြီး နီရဲသွားသည်။ ထန်းမိုကို တောင်းပန်ဖို့ နောက်ကျသွားပြီဆိုတာ သူမသိတော့ပေ။

ထန်းမိုရဲ့ မျိုးရိုးနာမည်က ထန်းမဟုတ်ဘူးလား? ထန်းမိုက ဘယ်လိုလုပ်ပြီး ဝေကျီချင်ရဲ့တူမဖြစ်သွားရတာလဲ? သူ့ရဲ့ ဝမ်းကွဲများရှိလို့လား? ဒါပေမယ့်လည်း ဝေကျီချင်တွင် ထန်းမျိုးရိုးနာမည်နှင့် ဝမ်းကွဲရှိတယ်လို့လည်း သူမကြားဖူးဘူး။

ကြောက်သွားသည့်ဟန်ဖြင့် ထိုလူကို သူ့ဘေးက လူက ပြန်ထိုင်ဖို့ ဆွဲသွားလိုက်သည်။ သူဘာကိုမှ ထပ်မပြောရဲတော့ပေ။

မဒမ်အိုဝေက ထိုလူကို ဘာတစ်ခွန်းမှ မပြောဘဲ ထန်းမိုကို သူမပေါင်ပေါ်တွင် ပေးထိုင်လိုက်သည်။ သူမရဲ့အပြုအမူက တခြားသူတွေ ဘာမှထပ်မပြောနိုင်အောင် ပိတ်လိုက်တာပဲဖြစ်သည်။  ကလေးမလေးတစ်ယောက်ကို အနိုင်ကျင့်မိတာ သူရှက်သင့်သည်။

"ဒါက ဖွားရဲ့ ရောဂါအဟောင်းပဲ" မဒမ်အိုဝေက အပြုံးလေးဖြင့် ပြောလိုက်သည်။ "ဖွားငယ်ငယ်တုန်းက ကျန်းမာရေးကို ဂရုမစိုက်မိဘူးလေ....ဖွားငယ်ငယ်တုန်းက ခန္ဓာကိုယ်ကို ဂရုမစိုက်မိဘူး...အလုပ်ကိုပဲ အာရုံစိုက်ခဲ့ပြီး ကျန်းမာရေးကို ဂရုမစိုက်မိဘူး...နောက် အသက်ကြီးလာတော့ ခန္ဓာကိုယ်က ဒါတွေကိုပြန်ခံစားရတာပဲ"

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now