အပိုင်း -၉၈ (ကြွားလုံး)

1.3K 187 2
                                    

Translator- HMM Editor- Aster

UNICODE

"အမဝမ်းကွဲ ပွဲကို တက်ချင်လို့လိုက်လာတာပါ" ယွမ်ကဲချင်အသံက တိုးတိုးသွားပြီး ဆက်ပြောလာသည်။ "သမီးတို့နောက်ဆုံး တွေ့ခဲ့တဲ့ အချိန်က နားလည်မှုလွဲနေတာ ကြောင့် အဒေါ်နဲ့ ဝမ်းကွဲအမ က လာခွင့်မပြုမှာ စိုးရိမ်မိလို့ ကဲလီ ကို အကူအညီ တောင်းခဲ့ရတာ။"

"သမီးတို့က ဝမ်းကွဲတွေပဲလေ။ သမီးဝမ်းကွဲအစ်မအတွက် အရေးကြီးတဲ့အချိန်ကို သမီး လက်မလွှတ်ချင်လို့ပါ" ယွမ်ကဲချင်က စိတ်ထားမြင့်မြတ်သည့်ရုပ်ကို လုပ်ထားပြီး အရမ်းကို သဘောထားကြီးဟန်ဖြင့် ပြောလာသည်။ "သမီးကို ဆက်ပြီးအပြစ်တင်လို့ရပါတယ် စိတ်ဆိုးလို့ရပါတယ်။ အဆင်ပြေပါတယ်။ သမီးက ညီမတစ်ယောက်ရဲ့ တာဝန်ကိုပဲ လုပ်တာပါ"

"မင်း ဒီလို အပြုအမူမျိုးရှိမယ်လို့လုံးဝမထင်ထားဘူး" ထန်းကျင်းချီက စိတ်ထဲမှာကျိတ် ဝမ်းသာနေပြီး အပြုံးဖြင့် ပြောလာသည်။

ယခင်ကတော့ ထန်းမိုသည် လစ်ဘရယ်အနုပညာကောလိပ်ဝင်ခွင့်စာမေးပွဲတွင် အများဆုံးဖြစ်ကြောင်းနှင့် ဘေဂျင်းတက္ကသိုလ်နှင့် ဟွားတက္ကသိုလ်တို့က သူမရရန်ကို ပြိုင်ဆိုင်နေကြကြောင်း ယွမ်ကဲချင်ကိုလန့်ဖြန့်သွားအောင် အသိပေးချင်နေခဲ့သည်။ သို့သော် ယွမ်မိသားစု၏အိမ်တံခါးဝအထိသို့ သွားပြီး ဒီအကြောင်းအရာအား ပြောပြရန်မှာ အရမ်းသိသာလွန်း နေသည်။

ဒီနေ့အခွင့်ရေးကောင်းတစ်ခု ရတာပဲ......

ဘေဂျင်းတက္ကသိုလ်နှင့် ဟွားတက္ကသိုလ်မှ ကျောင်းအုပ်ကြီးများသည် ယနေ့ ထန်းမိုရရန်ကို တိုက်ခိုက်ဖို့ မလာကြသော်လည်း ထန်းမို၏ ကောလိပ်ဝင်ခွင့် စာမေးပွဲရလဒ်၏ ကြေငြာချက်သည် ယွမ်ကဲချင်အား မျက်ခွက်ဖြတ်ရိုက်လိုက်သလိုခံစားရစေရန် လုံလောက်ပေလိမ့်မည်။

အဲဒါကို တွေးကြည့်ရုံနဲ့ သူ စိတ်လှုပ်ရှားသွားတော့သည်။

ထန်းကျင်းချီ သည် သေချင်စိတ်ပေါက်သွားအောင်လုပ်ဖို့ကိစ္စကို မပျက်စီးစေလိုသောကြောင့် မျက်နှာပိုးသတ်ကာအစီစဉ်ချနေသည်။ သို့သော် သူ့နောက်ကျောတွင် သူ့လက်များကို ရွှင်မြူးစွာ ပွတ်သပ်နေသည်။

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now