Chapter 116: ဘာမှ ပြင်စရာ မလိုပါဘူး။

1.3K 150 1
                                    

UNICODE

Translator - HMM Editor- Aster

"ထားပါတော့" လင်းဖူရှီက သူမအနားရှိ ကုလားထိုင်တစ်ခုပေါ်တွင် ထိုင်လိုက်ပြီး "ငါ လှည့်စားခံလိုက်ရတယ်လို့ စိတ်ပျက်မိသွားတာ။ ခဏတာ ဒေါသဖြစ်သွားလို့ တောင်းပန်ပါတယ်။ ထန်းမိုက... သူမက ငယ်သေးတယ်၊ ဒါကြောင့် သူမအမှားတွေကို ပိုသည်းခံသင့်တာ ငါ သူမကို အပြစ်မတင်သင့်ဘူး"

ထန်းမိုက မျက်ခုံးပင့်လိုက်သည်။ လင်းဖူရှီရဲ့ ပြင်းထန်သော ရန်လိုမှုဖြင့် သူမကို အနိုင်ယူနိုင်ခဲ့ပါက ယွမ်ကဲချင် ပိုင်တဲ့ လက်ဖက်စိမ်းမဘွဲ့ကို သူမအား ပေးအပ်လိုက်မည်ဖြစ်သည်။

ထန်းမိုက သူမခေါင်းကို မော့ကာ ကျင်းယွဲ့လင် နှင့် မုန့်ယွီရှီတို့ကို မျက်ရည်များဝဲနေသည့် မျက်ဝန်းဖြင့် ကြည့်နေလေသည်။ "အစ်မ ယွဲ့လင်၊ အစ်မယွီရှီ၊ ညီမလေးအမှားလုပ်မိလို့လားဟင်။ ညီမလေးအမှားကို ဘယ်လို ပြင်ပေးရမလဲဟင်"

မုန့်ယွီရှီ၏ ပင်ကိုယ်စရိုက်က ကျင်းယွဲ့လင်ထက် ပိုပြီး တည့်တိုးဆန်သည်။ သူမက ထန်းမိုကိုကာပြီး တိုက်ရိုက်ပြောလိုက်သည်။ "ညီမလေးမမှားပါဘူး။ ဘာမှ ပြင်စရာ မလိုဘူး။"

လင်းဖူရှီက တောင်းပန်ခဲ့ပေမယ့် တစ်ချိန်တည်းမှာပဲ ထန်းမိုကို အပြစ်တင်ခဲ့သည်။
သူမအသက် ၁၉ နှစ်နီးပါးရှိသော်လည်း ၁၅ နှစ်အရွယ်မိန်းကလေးကို အနိုင်ကျင့်နေသည်။

လင်းဖူရှီက အမြဲ ပြဿနာရှာနေတဲ့သူလို့ မုန့်ယွီရှီခံစားမိသည်။ သူမကစိတ်သ‌ဘောထားကျဉ်းမြောင်းပြီး အခြားသူများကို သူမထက် ပိုသာမှာစိုးရိမ်သည်။ သူမမှာ ကောက်ကျစ်သောစိတ်ထားရှိသည်။

ထို့ကြောင့် မုန့်ယွီရှီက လင်းဖူရှီ အား ဘာမှ မပြောသော်လည်း၊ သူမသည် ထန်းမိုဘက်ကို ပြတ်ပြတ်သားသား ရပ်တည်ခဲ့သည်။

ထန်းမိုက မှားတဲ့သူမဟုတ်ပေ။ လင်းဖူရှီကသာ မှားတဲ့သူဖြစ်သည်။

လင်းဖူရှီအေးခဲသွားပြီး မုန့်ယွီရှီကို မယုံကြည်နိုင်စွာ ကြည့်နေမိသည်။

ထန်းမိုသည် လင်းဖူရှီ ၏သဘောကျခြင်း သို့မဟုတ် အသိအမှတ်ပြုခံရရန် မလိုအပ်ပေ။

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now