အခန်း ၄၂

2.9K 420 5
                                    

UNICODE

“ငါ့နာမည်ကို အရင်ရေးကျင့် ပြီးမှ မင်းနာမည်ကို ရေးကျင့်” ဝေကျီချင်က ပြောလိုက်သည်။
“ဘာလို့ သမီးနာမည်ကို အရင်ရေးမကျင့်ခိုင်းတာလဲ? သမီးနာမည်ဆို စာလုံးနှစ်လုံးပဲရှိတော့ ရိုးရှင်းတယ်လေ” ထန်းမိုက ပြန်ဖြေလိုက်သည်.
သူမကို ဘယ်လို ပြန်ဖြေရမလဲဆိုတာ ဝေကျီချင် မသိတော့ပေ။

‘ဒီကလေးမလေးက ချစ်ဖို့ကောင်းတယ်လို့ ဘယ်သူပြောလဲ? တစ်စက်လေးမှ စကားနားမထောင်ဘူး’

“မင်း ဘယ်လိုပဲ လုပ်လုပ် ခက်လို့ဆိုပြီး အရှုံးပေးလိုက်လို့မရဘူး။ လွယ်တဲ့လမ်းကို ရွေးတယ်ဆိုတာက အရှုံးပေးတာပဲ။ တိတိကျကျပြောရရင် ငါ့နာမည်က ခက်တယ်။ ငါ့နာမည်ကို ရေးတဲ့နေရာမှာ ဆရာကျသွားတဲ့အခါကျရင် တခြားစကားလုံးတွေက ပိုလွယ်သွားမယ်” ဝေကျီချင်က သူ့လက်ထဲက ဘောပင်ကို ထန်းမိုလက်ထဲထိုးထည့်လိုက်ပြီး ပြောလိုက်သည်. “ပေါက်ကရပြောနေတာရပ်ပြီး စကျင့်တော့”

ထန်းမို “…”
‘ဟုတ်ပါတယ်၊ မှန်ပါတယ်’
ကူကယ်ရာမဲ့စွာနှင့် ထန်းမိုက နာခံစွာ စအရေးကျင့်တော့သည်။

ဝေကျီချင်က သူမကို ကျေနပ်မှုအပြည့်ဖြင့် ကြည့်လိုက်သည်။ ထန်းမိုက သူ့နာမည်ရေးတာ ဆရာကျသွားချိန်ကျရင် သူမအရေးကျင့်တဲ့ စာလုံးနာမည်က သူ့နာမည်ဆိုတာကို သူမအစ်ကိုတွေ သိသွားမယ်။ အဲ့အခါကျ သူတို့တွေ တော်တော်စိတ်အနှောင့်အယှက်ဖြစ်သွားမှာ။

ထန်းမို အရေးကျင့်ရင်း ပျင်းပြီး ပင်ပန်းလာသည်။ သူမလက်ကောက်ဝတ်နှင့် လက်ချောင်းတွေကလည်း ညောင်းနေပြီဖြစ်သည်။
သူမကတိတ်တိတ်လေး ဘောပင်ကိုချလိုက်ပြီး လက်ကိုခါကာ သူမမျက်နှာပွတ်လိုက်သည်။

ထန်းမို ခေါင်းလှည့်လိုက်တော့ စာကို သေချာလုပ်နေသည့် ဝေကျီချင်ကို မြင်လိုက်သည်။ အရင်က ဝေကျီချင်ကို သေချာ မကြည့်မိဘူးဆိုတာ သူမ အမှတ်ရသွားသည်။

သူ့အသားအရည်တော်တော်ကောင်းတာပဲ။ ချွေးပေါက်တွေတောင် မမြင်ရသလောက်ပဲ။
ခေါင်းငုံ့ပြီး စာဖတ်နေသည့်အတွက် သူ့ရဲ့ထူထဲပြီး ရှည်လျားသည့် မျက်တောင်ကိုတောင် ထန်းမို မြင်ရသည်။

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now