အခန်း ၃၄

3K 466 6
                                    

UNICODE

မနက်ပိုင်းအတန်းက ကောင်းမွန်စွာနှင့် ပြီးဆုံးသွားခဲ့သည်။

အတန်းပြီးတော့ ထန်းမိုက ချင်မုယဲ့ကို ကစားဖို့သွားရှာသည်။ ထို့အတွက်ကြောင့် ချင်မုရှောင်းက သူမကို ပြဿနာရှာဖို့ အခွင့်အရေးမရလိုက်ပေ။

ကျောင်းစာတွေအတွက်တော့ အရမ်းလွယ်ကူတယ်လို့ ထန်းမိုတွေးမိသည်။

ကျီရှားအကယ်ဒမီရဲ့ ပြဌာန်းစာတွေဟာ တခြားကျောင်းတွေနှင့် ကွာခြားသည်။ အကြိုမိတ်ဆက်စာတွေတောင်မှ ပိုပြီး ရှေ့ရောက်သည်။

ရှေးဟောင်းကဗျာ၊ ရိုးရာတရုတ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒနှင့် အင်္ဂလိပ်စာ ဖတ်စာအုပ်တွေက တခြားကျောင်းတွေနှင့်ကွာခြားသည့်အပြင် ပိုပြီးတော့လည်း ကောင်းသည်။

ကျီရှားအကယ်ဒမီကို မတတ်ခင်ကျောင်းသားတွေဟာ အိမ်မှာ အမျိုးမျိုးသော သင်ခန်းစာတွေကို လေ့လာခဲ့ရသည်။ ပုံမှန် မူလတန်းကျောင်းတွေရဲ့ ပြဌာန်းစာတွေကို အကုန်ပြီးသည့်အပြင် အလယ်တန်း၊ အထက်တန်းကျောင်းမှ စာတစ်ချို့ကိုပါ ကြိုလေ့လာထားရသည်။

သို့မှသာ သူတို့က ကျီရှားအကယ်ဒမီမှ စာတွေကို လိုက်နိုင်မှာဖြစ်သည်။

ပုံမှန်ကလေးဆိုလျှင်တော့ ဒီဟာတွေအတွက် လုံးဝခက်ခဲမည်ဖြစ်သည်။ ဒါကြောင့်လည်း ကျီရှားအကယ်ဒမီက ကျောင်းသားတွေကို လက်ခံသည့်အခါ ပိုပြီး တင်းကျပ်သည့် လိုအပ်ချက်တွေ ရှိတာဖြစ်သည်။

ကံကောင်းစွာဖြင့် ထန်းမိုက သာမန်ကလေးမဟုတ်ပေ။ နှင်းနတ်သမီးလေးအနေဖြင့် သူမက ထောင်ချီနှစ်ရဲ့ မှတ်ဉာဏ်တွေဖြင့် ပြန်လည်ဝင်စားလာတာဖြစ်သည်။

သူမက မြေကြီးမှာ အမြစ်ပေါက်သည်အထိကို နေရပြီး ဘယ်မှလည်း မသွားရပေ။ ထို့ကြောင့် တစ်နေ့တစ်နေ့ အရမ်းကို ပျင်းလွန်းလို့ ဆရာသခင်ရဲ့ စာအကျယ်ကြီး ဖတ်နေမှုကို ထိုင်နားထောင်ရုံသာရှိသည်။

ရှေးခေတ်ကနေ ယနေ့ခေတ်အထိ စာအုပ်အမျိုးမျိုး၊ ကျော်ကြားသည့် ကဗျာတွေ၊ ဆောင်းပါးတွေကနေမှ မြောက်မြားစွာသော ဖော်မြူလာအမျိုးမျိုးအထိ ဆရာသခင်ရဲ့ ထပ်ခါတလဲလဲ ရွတ်ဆိုမှုတွေကို နှင်းနတ်သမီးလေးက နားထောင်ခဲ့ရလို့ သူမ အကုန်လုံးကို မှတ်မိနေသည်။

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now