အခန်း၂၄- အလုပ်ထုတ်ပစ်ခြင်း

3.5K 541 4
                                    

UNICODE

ချင်မုဖုန်းက ဒီကိစ္စကို အနည်းနှင့်အများတော့သိပေမယ့် သူ မဖြေရှင်းပေးပေ။ ချင်မုယဲ့၏ သဘောတူညီမှုမပါဘဲ ဖြေရှင်းပေးလိုက်လျှင် ချင်မုယဲ့က အလိုလိုက်ထားသည့် လူဆိုးမလေးဖြစ်သွားမှာဖြစ်သည်။ ထို့အပြင် သူက ချင်မုယဲ့ကို သူမမိသားစုအပေါ်ယုံကြည်စေချင်ပြီး အခက်အခဲတွေကို သူမဘာသာ မျိုသိပ်ထားမည့်အစား ပြောပြစေချင်လာတာဖြစ်သည်။

မိသားစုအပေါ် ဘာမဆိုပွင့်ပွင့်လင်းလင်းပြောပြလာမည့်သူ ဖြစ်စေချင်သည်။ ချင်မုယဲ့က မပြောခဲ့ရင်လည်း ချင်မုဖုန်းက လှုပ်ရှားမှာပဲဖြစ်သည်။ သူ့ညီမလေးကို ဘယ်လောက်ပဲ ပွင့်ပွင့်လင်းလင်းဖြစ်လာစေချင်ပေမယ့်လည်း သူ့ညီမလေးကို အနိုင်ကျင့်နေတာမျိုးတော့ သူလက်မခံနိုင်ဘူးဖြစ်သည်။

"အရူးမလေး..နောက်ကျ ဘာပဲဖြစ်ဖြစ် ကိုယ့်ဘာသာအပြစ်တင်မနေနဲ့...မားမားတို့ကို ပြောပြရမယ်..မဟုတ်ရင် သူတို့တွေက မားမားတို့မိသားစုကို အနိုင်ကျင့်ဖို့ လွယ်တယ်လို့ ထင်သွားလိမ့်မယ်" အသက်ကိုပြင်းစွာရှူလိုက်ပေမယ့် တုန်ဟန်ဘီကတော့ စိတ်ဆိုးနေတုန်းဖြစ်သည်။

"ဟုတ် နောက်ကျ မဖြစ်စေရပါဘူး.. ပြီးတော့ သူတို့နဲ့ ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ သမီးသိသွားပြီ" ချင်မုယဲ့က နှာရှုပ်ရင်း ထန်းမိုသင်ထားပေးတာကို ပြောပြလိုက်သည်။

တုန်ဟန်ဘီက မျက်လုံးလင်းတက်သွားသည်။ "ကောင်းလိုက်တာ"

"မိုမိုက သမီးကို သင်ထားပေးတာလေ" ချင်မုယဲ့က သူမ၏ သူငယ်ချင်းအသစ်လေးအကြောင်းကို ဝံ့ကြွားစွာ ပြောလာသည်။

"ထန်းမို?" သူမ၏သမီးခေါင်းညိတ်တာကို ကြည့်ရင်း တုန်ဟန်ဘီက မေးလာသည်။ "သူမလည်း သိတယ်လား"

ချင်မုယဲ့က ချင်ညီအစ်မနှင့်ဖြစ်သည့် ကတောက်ကဆကို အရင်ဆုံးပြောပြသည့်သူက ထန်းမိုဖြစ်နေသည်။ တုန်ဟန်ဘီ နည်းနည်းလေးဝမ်းနည်းသွားသည်။

ချင်မုယဲ့က သူတို့အပေါ် မှီခိုလာအောင် သူတို့က ဘာလို့ မလုပ်နိုင်တာလဲ? တစ်ခုခုဖြစ်လာတိုင်း သူများဆီကနေပဲ အရင်ဆုံးသိရသည်။ သူတို့က သူမရဲ့မိသားစုဖြစ်သည်။ သူတို့က အရင်ဆုံးသိသင့်သည်။

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now