အခန်း ၁၁- အဲ့တော့ ဒါက သူမ အမှားပေါ့လေ?

3.6K 536 7
                                    

UNICODE

ထန်းမိုလည်း ကူကယ်ရာမဲ့စွာဖြင့် သူမ အရင်ဘဝမှာ ကြေးမုံတွင် မြင်ခဲ့သည့် အဖြစ်အပျက်ကို ပြန်တွေးမိတော့သည်။ ဘာကြောင့်လဲဆိုတော့ အဓိက သူမ မြင်ခဲ့ရတာတွေက သူမ မိသားစုရဲ့ အကြောင်းတွေပဲ...မိသားစုရဲ့ ပြင်ပကိစ္စတွေကိုတော့ နည်းနည်းလေးသာ မြင်ခဲ့ရသည်။

ဒါပေမယ့် ဝေ့ကဲလီကြောင့် ဝေ့ကျီချင်ရဲ့ နာမည်ကို အနည်းနှင့်အများတော့ ကြားခဲ့ရသည်။ ထန်းမိုက ဦးနှောက်ခြောက်အောင် စဉ်းစားသော်ငြားလည်း ဝေ့ကျီချင်ရဲ့ ဇနီးဖြစ်သူနာမည်ကို မမှတ်မိပေ။

'နေဦး ဝေ့ကျီချင်က လက်ထပ်ခဲ့လို့လား? ဘယ်သူ့ကို သူလက်ထပ်တာလဲ?'

တွေးကြည့်မိတော့ ထန်းမို မသေချာတော့ပေ။ ကြည့်ရတာ သူမတွင် ဝေ့ကျီချင်ရဲ့ လက်ထပ်မှုနှင့် ပတ်သက်သည့် မှတ်ဉာဏ်မရှိနေပေ။

ဒါပေမယ့် သေချာတစ်ခုကတော့ ချင်မုရုန်တော့မဟုတ်ပါ။ အရင်ဘဝကို ခပ်ရေးရေးမှတ်မိသည်။ ချင်မုရုန်က ဝေ့ကျီချင်ကို လက်ထပ်ချင်ကြောင်း ဝေ့ကဲလီပြောခဲ့ဖူးသည်။ ဒါပေမယ့် ထိုလက်ထပ်ပွဲ မဖြစ်လာခဲ့ပေ။

ဒါကြောင့် ဒီဘဝမှာတော့ မထင်မှတ်ထားတာတွေ ဖြစ်ခဲ့ရင်တောင် ချင်မုရုန်က ဝေ့ကျီချင်ကို လက်ထပ်နိုင်ဦးမှာ မဟုတ်ပေ။

ချင်မုရုန်က သိတတ်မှုမရှိတဲ့ ကလေးမကို မှုန်မှိုင်းနေသည့် မျက်လုံးဖြင့် ကြည့်ရင်း လေသံက အေးစက်လာသည်။ "ဒါက အရုပ်တစ်ခုပဲလေ..ဘာလို့ ညီမလေးက ကပ်စေးနည်းနေရတာလဲ ပြီးတော့ မုရှောင်းက လုချင်တာလည်းမဟုတ်ဘူး ဒီတိုင်း ခဏငှားပြီး ကြည့်ရုံလေးကို"

ထန်းမိုက ဘာမှ ပြန်မပြောပေ။ ချင်မုရုန်ပဲ ဆက်ပြောလာသည်။ "အရုပ်က ဈေးကြီးတဲ့ပုံလည်း မဟုတ်ဘဲ တစ်ချက်လေးတောင် ပေးမကြည့်ဘူးပဲ... အဲဒါက ညီမလေးကို အရမ်းကပ်စေးနည်းတဲ့ပုံမပေါက်ဘူးလား? ကြည့်ရတာ အပြင်ကို သိပ်ထွက်ဖူးပုံလည်းမပေါ်ဘူးပဲ" ထန်းမိသားစုရဲ့ သမီးက သူမရဲ့ ဈေးပေါတဲ့အရုပ်ကို မငှါးနိုင်လောက်အောင် ကပ်စေနည်းလိုက်တာ ရှက်ဖို့ကောင်းတယ်

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now