အခန်း ၂၃- ကျီရှားအကယ်ဒမီရဲ့နေရာ

3.5K 556 6
                                    

UNICODE

အခုမတိုင်မီက သူမရဲ့မိဘနှင့်အစ်ကိုတွေက ဘယ်လောက်တောင်နာကျင်ခဲ့လဲဆိုတာ ထန်းမိုမသိပေ။ သူမမိဘနှင့် အစ်ကိုတွေကို အဆုံးမသတ်မလှစွာနှင့် နာကျင်စွာ ဆုံးရှုံးရမှုကို သူမဖြစ်ခွင့်မပြုဘူးလို့ ကျိန်ဆိုခဲ့သည်။ သူမမိဘနှင့်အစ်ကိုတွေက သူမကို ကြိုးစားပြီးကာကွယ်ပေမယ့် သူမကိုကျ ဘာမှလုပ်ခွင့်မပေးတာမျိုး ဘယ်လိုလုပ်အဖြစ်ခံနိုင်မှာလဲ? အခုဘဝမှာတော့ သူမက သူမမိဘနှင့်အစ်ကိုတွေကို ကာကွယ်ပေးမည်ဖြစ်သည်။

ထန်းမိုက နှာရှုပ်လိုက်၏။ သူမရဲ့ဒုတိယအစ်ကိုနှင့်တတိယအစ်ကိုကြားထဲကနေ သူမမျက်နှာလေးတိုးထွက်ဖို့ တော်တော်ခက်ခက်ခဲခဲကြိုးစားလိုက်ရသည်။

"သမီး ကျီရှားအကယ်ဒမီကို သွားချင်တယ်"

သူမ ကျီရှားအကယ်ဒမီကို သွားမှဖြစ်မည်။ သူမမိသားစုကို ကာကွယ်ဖို့အတွက် လုပ်နိုင်စွမ်းရှိအောင် ကြိုးစားရမည်။

"ဒါပေမယ့် ညီမလေးက အဲဒီကိုသွားရင် တစ်ယောက်ထဲဖြစ်နေမှာပေါ့..ကိုကိုတို့က ညီမလေးကို ဂရုစိုက်ပေးလို့ရမှာမဟုတ်ဘူး... တစ်ခုခုဖြစ်ရင် ကိုကိုတို့က ကူညီပေးနိုင်မှာမဟုတ်ဘူး" ထန်းဝမ်ချီက ဖြေလာသည်။

"ဝေကဲလီလည်းအဲ့မှာရှိလို့ဆိုပြီးတော့ မပြောနဲ့နော်... သူက ဆိုးဝါးတဲ့အချိန်တွေမှာဆို ယုံလို့ရတာမဟုတ်ဘူး.. သူ့ကိုယ်ကျိုးအတွက်ဆို မျက်စိတစ်မှိတ်မှာတင် ညီမလေးကို သစ္စာဖောက်နိုင်တာ" ထန်းကျင်းရှန်းကလည်း ဝင်ပြောလာသည်။

"ဒါပေါ့ ညီမလေးက သူ့အပေါ်မှီခိုမှာမဟုတ်ဘူး" ထန်းမိုက ပြန်ဖြေလာသည်။ "ဒီနေ့ ညီမလေး သူငယ်ချင်းအသစ်ရလာတယ်"

"ချင်မုယဲ့လား" ထန်းကျင်းယီက မေးလာသည်။

"ဟုတ်တယ်" ထန်းမိုက ခေါင်းညိတ်လိုက်သည်။ "ညီမလေးက မမေးရသေးပေမယ့် သူမလည်း ကျီရှားအကယ်ဒမီကို သွားမယ်လို့ထင်တယ်... အဲဒါကြောင့် ညီမလေးသွားရင် ကျီရှားအကယ်ဒမီမှာ တစ်ယောက်တည်းဖြစ်နေမှာမဟုတ်တော့ဘူး"

သူတို့က ချင်မုယဲ့ကိုမသိသော်လည်း ဝေကျီချင်နှင့် သူ့အကြီးတွေက ချင်မုယဲ့ကို ထန်းမိုနှင့် ကစားဖို့ ခွင့်ပြုထားတာ သူတို့မြင်ခဲ့ရသည်။ ဝေကျီချင်နှင့်တခြားသူတွေရဲ့ အမူအရာအရဆိုလျှင် ချင်မုယဲ့က လိမ္မာသည့်ကလေးဖြစ်နိုင်သည်။ ဝေကျီချင်က ချင်မုရုန်နှင့် ချင်မုရှောင်းအပေါ် ရန်လိုခဲ့တယ်မဟုတ်ဘူးလား?

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now