အပိုင်း-၁၁၉: အမှား

943 127 1
                                    

UNICODE

Translator- HMM Editor- Aster

"သမီးလိမ်နေတာမဟုတ်ဘူး" ထန်းမိုရဲ့ မျက်နှာသေးသေးလေးက နေရောင်ကြောင့် နီရဲနေကာ သူမကို စိုးရိမ်တကြီး ဖြစ်နေဟန်ပေါ်သွားစေကာ သူမတစ်ကိုယ်လုံး တုန်ရီနေဟန်ရှိသည်။

ဒါကိုမြင်တဲ့အခါ အားလုံးက သူမကို သနားကြသည်။

သူတို့က ချင်မုရုန်ကို အစပိုင်းတုန်းကလိုမဟုတ်ပဲ မနာလိုစိတ်ရှိသူလို့မြင်သွားကြရတဲ့အခါ သူတို့က ချင်မုရုန်ကို မကြည်တော့ပေ။

သူမသည် ထန်းမိုထက် အများကြီး အသက်ကြီးနေပြီမို့ ဒီကလေးမလေးက လိမ်ညာပြီး ဘယ်လိုစွပ်စွဲရဲပါ့လဲ လို့ အခု လူတော်တော်များများက တွေးနေကြပြီဖြစ်သည်။

ထန်းမို လိမ်ညာနေတယ်လို့ သူမပြောနေပေမယ့် သူမမှာ သက်သေအထောက်အထားတစ်ခုခုရှိလို့လား။

ချင်မုရုန် ၏ ပြင်းထန်ကြမ်းတမ်းသော အပြုအမူကို သည်းမခံနိုင်သော မိန်းကလေးအချို့ရှိကာ တိုးတိုးလေးပြောကြတော့သည်။ "ထန်းမိုကို သူမပြောတဲ့ပုံကို နားထောင်တဲ့ဘယ်သူမဆို အစပိုင်းစကားတွေက သူမကပဲ ဝေကျီချင်နဲ့ အရမ်းကိုရင်းနှီးနေသလို ရည်းစားအဆင့်ရှိသလိုပုံစံလို့ ထင်သွားကြမှာပဲ"

"အမှန်ပဲ။ တခြားလူတွေတော့ ငါမသိဘူး ဒါပေမယ့် အဲဒါကို ငါကြားချိန်မှာ နင်ပြောတဲ့ပုံစံက ငါ့ရဲ့ ပထမဆုံး တုန့်ပြန်မှုဖြစ်သွားတာ"

"သူမက တခြားလူတွေကို နားလည်မှုလွဲအောင်လုပ်ပြီးတော့ ထန်းမိုက ဖော်လိုက်တော့ ဝန်မခံချင်တော့ဘူး"

"သူမပြောလိုက်တဲ့စကားတွေက အရမ်းကို ဒွိဟဖြစ်စေတယ်" တစ်စုံတစ်ယောက်က ပြောလာသည်။ "တခြားလူတွေ နားလည်မှုလွဲသွားတဲ့အခါ ဘယ်သူမှ မေးခွန်းမမေးသရွေ့ သူမလည်း ရှင်းပြလာမှာမဟုတ်ဘူး။ ဒါက သူမ သဘောတူတယ်လို့ ယူဆလို့ရတယ်လေ။ ဒါပေမယ့် တစ်စုံတစ်ယောက်ကများ ထန်းမိုလို မေးချလာမယ်ဆိုရင် သူမမရည်ရွယ်ပါဘူးလို့ ပြောမယ်။ ထန်းမိုက နားလည်မှုလွဲတာပါလို့ပြောမယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူမက တခြားသူတွေကို နားလည်မှုလွဲတယ်ဆိုပြီး အပြစ်တင်မယ် သူမက မမှားပါဘူးဆိုပြီး ပြောမယ်"

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now