အပိုင်း-၁၃၁ တပည့်ရင်းနေရာတွေက ဘယ်ချိန်က အလွယ်တကူရသွားတာလဲ?

757 86 0
                                    

UNICODE

Translator- HMM Editor- Aster

ချင်မုရုန်၏ မျက်နှာ နီရဲတက်လာသည်။
ဒီလူနှစ်ယောက်ကို ဘယ်လို လုပ်ရမလဲ?

သူတို့ပြောလိုက်တဲ့စကားအရ တစ်ယောက်က ပါမောက္ခကုလွှတ်လိုက်တာဖြစ်ပြီးတော့ နောက်တစ်ယောက်က ပါမောက္ခတန်က လွှတ်လိုက်တာလား?

ဤကျော်ကြားသော ပါမောက္ခနှစ်ဦး၏တပည့်ရင်းနှစ်ယောက်က ထန်းမိုကို ကိုယ်တိုင်လာတွေ့ကြသည်။

ထန်းမိုက ဘဏ္ဍာရေးဌာနမှာ မဟုတ်ဘူးလား။
သူမနဲ့ ဘာကိစ္စရှိလို့လဲ?

ဝူရှောင်းယဲ့ က ထန်းမိုကို ဝမ်ယွဲ့မုက ပြန်ပေးဆွဲသွားမှာကို ကြောက်တဲ့အတွက် သူက လျင်မြန်စွာမေးလာသည်။ "ထန်းမို၊ နေ့လည်စာ ဘာစားချင်လဲ။ ညီမလေးအတွက် အစ်ကိုဝယ်ပေးမယ်"

"အစ်ကိုဝူ အစ်မဝမ်..." ထန်းမိုက ခေါ်လိုက်သည်။

သူမသည် မေဂျာပြောင်းရန် အစီအစဉ်မရှိသောကြောင့် ပါမောက္ခကုနှင့် ပရော်ဖက်ဆာတန်ကို အချိန်ဆွဲထားပြီး ပါမောက္ခအိုနှစ်ဦးအား မှားယွင်းသောမျှော်လင့်ချက်မပေးသင့်ပေ။

တတ်နိုင်သမျှ မြန်မြန်ရှင်းတာက အကောင်းဆုံးဖြစ်သည်။

"ညီမကို အထူးတလည်လာတွေ့တဲ့အတွက် နေ့ခင်းဝယ်ကျွေးဖို့ ဖိတ်တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။" ထန်းမိုက ပြောလာသည်။ "အစ်ကိုတို့ အစ်မတို့ကို ပါမောက္ခကုနဲ့ ပါမောက္ခတန်က လွှတ်လိုက်တာမလား?"

"အစ်ကို့ဆရာက ညီမလေးဆီ သူ့တိုက်ရိုက်လာရင် ညီမလေး မသက်မသာဖြစ်မှာ စိုးရိမ်နေတာ" ဝူရှောင်းယဲ့က သူ့ခေါင်းကို ကုတ်ရင်း ဝန်ခံလိုက်သည်။ သူ့ပုံက အရမ်းကို ရိုးသားဟန်ပေါ်သည်။

ဝမ်ယွဲ့မု: "..."

"လုပ်စမ်းပါ ဟန်ဆောင်နေတာရပ်လိုက်။ နင့်ကို ဘယ်သူကယုံမှာလဲ?" ဝမ်ယွဲ့မုက သူ့ကို မညှာမတာ ဖော်ထုတ်လိုက်သည်။

ဝူ‌ရှောင်းယဲ့: "..."

ထန်းမိုတောင် ခေါင်းညိတ်လေသည်။

ဝူရှောင်းယဲ့: "..."

ကောင်းပြီ၊ သူ့သရုပ်ဆောင်မှု ကျဆုံးသည်။

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now