အခန်း ၄၇

2.8K 396 1
                                    

UNICODE

“မိုမို စာရေးကိရိယာတွေကို တစ်ယောက်က တမင် ဖျက်ဆီးသွားတယ်” ချင်မုယဲ့ကို အဖြစ်အပျက်ကို ပြန်ပြောလိုက်ပြီး ထန်းမိုကို လှည့်မေးလိုက်သည်။ “နင် သူ့ကို မပြောပြရသေးဘူးလား”

ထန်းမိုက ခေါင်းခါလိုက်သည်။ “ဟင့်အင်း”

သူမက စကားဖွာတဲ့သူမဟုတ်ပေ။ သူမက မင်ယဲ့ချင်ကို ပြောပြဖို့ ရည်ရွယ်ချက်မရှိခဲ့ပေ။ မထင်ထားစွာနှင့် မင်ယဲ့ချင် နားထောင်ပြီးသည်နှင့် သူ့ရဲ့ မျက်နှာချောချောလေးက မည်းမှောင်သွား၏။

“ဒီလိုကိစ္စအကြီးကြီးတောင် နင်က ငါ့ကို တကယ်မပြောပြခဲ့ဘူးပဲ။ နင်က ငါ့ကို သူငယ်ချင်းအဖြစ် မသတ်မှတ်ထားလို့လား” မင်ယဲ့ချင်က ပြောရင်း ဝမ်းနည်းလာသည်။ “ငါက နင့်သူငယ်ချင်းလို့ ငါထင်ထားတာ”

ပြောပြီးသည်နှင့် မင်ယဲ့ချင်က လှည့်ထွက်သွားသည်။ သူ တကယ်ပဲ ထန်းမိုနှင့် ချင်မုယဲ့ကို လျစ်လျူရှုလိုက်သည်။

“အာ!” ထန်းမိုက လျင်မြန်စွာနှင့် မင်ယဲ့ချင်လက်မောင်းကို လှမ်းဆွဲကာ ပြောလိုက်သည်။ “မဟုတ်ဘူး ငါ တမင် နင့်ကို ဖုံးကွယ်ထားတာမဟုတ်ဘူး”

ချင်မုယဲ့ကလည်း မင်ယဲ့ချင်ရဲ့ နောက်လက်တစ်ဖက်ကို လှမ်းဆွဲထားသည်။ “နေဦး”

မင်ယဲ့ချင်က ရပ်ြီး ထန်းမိုနှင့် ချင်မုယဲ့ကို ဆူပုတ်နေသည့် မျက်နှာဖြင့် လှည့်ကြည့်လာသည်။

ထန်းမိုက လျင်မြန်စွာ ရှင်းပြလိုက်သည်။ “အဲဒါ ငါ့မှာ သက်သေမရှိလို့။ ငါတို့က ဘယ်သူလုပ်လဲဆိုတာ ခန့်မှန်းထားပေမယ့် ငါတို့မှာ သက်သေမရှိဘူးလေ။ ဘယ်လိုလုပ်ပြီး ငါက ပြောမလဲ? သက်သေမရှိဘဲ ငါက သူမကို စွပ်စွဲလို့ မရဘူးလေ၊ ဟုတ်တယ်မလား?”

ထန်းမိုက ခေါင်းငုံ့လိုက်သည်။ “ငါ့ကံမကောင်းမှုလို့ပဲ ငါ သတ်မှတ်လိုက်တော့မလို့”

မင်ယဲ့ချင်အမူအရာက အနည်းငယ်ပြေလျော့သွားပေမယ့် မျက်ခုံးပင့်ကာ မေးလိုက်သည်။ “ဒါဆို ဒီနေ့ နင်က ဘာလို့ ထပ်ပြောလဲ?”

“ငါ ဒီတိုင်း မလွှတ်ပေးချင်လို့လေ။ ငါတို့က ချင်မုရှောင်းကို ဖော်ထုတ်မှာ” ချင်မုယဲ့က မခံမရပ်နိုင်ဖြစ်နေသည့် အသံဖြင့် ပြောလာသည်။

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါTahanan ng mga kuwento. Tumuklas ngayon