အခန်း ၂၀ - တခြားလူကို သဘောထားကြီးဖို့ဆွယ်ရင် မိုးကြိုးပစ်ခံရမယ်

3.6K 548 10
                                    

UNICODE

ရှောင်မန်ဟန်က မျက်ခုံးပင့်လိုက်ပြီး စိတ်တိုနေသည့်အသံဖြင့် ရယ်မိသွားသည်။ "ဟုတ်ပြီ... အခုလေးတင် သားက ထန်းမိုကို မားရဲ့ မြေးတူမအဖြစ်လုပ်လိုက်ပါလားဆိုပြီး ပြောတာက ဟန်ဆောင်နေတာပဲကိုး...အခုစကားကို လမ်းကြောင်းပြောင်းချင်လို့ စောင့်နေတာကိုး...ဒါလေးက ခွဲတမ်းတစ်ခုပဲလေ အဲ့တော့ ကိစ္စကြီးတစ်ခုမဟုတ်ဘူး...မားအပေါ် အဲ့လောက် သတိထားနေဖို့လိုလား?"

သူမသားက ၁၅နှစ်သာ ရှိသေးသည်။ ဒါပေမယ့် သူမဟာ ဝေကျီချင်ကို ဆန့်ကျင်လို့ရသည့် ပြိုင်ဘက်အနေအထားမဟုတ်တော့ပေ။ ဝေမင်ဝမ်က သူ့ဇနီးရဲ့ ဒေါသကို ဖြေသိမ့်ဖို့အတွက် ဝေကျီချင်ရဲ့ခြေထောက်ကို ကန်ထည့်လိုက်သည်။

"မင်းရဲ့အမေကိုတောင် မင်းက လှည့်စားရဲတယ်ပေါ့လေ"

ဝေကျီချင်က အကန်ခံရတာကို ပြန်မတုန့်ပြန်နိုင်သေးဘဲ အနီးအနားကို လှည့်ကြည့်လိုက်သည်။ တစ်ယောက်ကမှ သူတို့ရဲ့ ပျော်စေပျက်စေသဘောနဲ့ဆေးထိုးနေမှုကြီးကို သတိမထားမိတော့မှ သူ့ရဲ့ပုံရိပ်ကောင်းလေးက ပကတိအတိုင်းရှိသေးမှုကို စိတ်သက်သာရာရသွားသည်။

ဝေမင်ဝမ်က ပြောလာသည်။ "ဒါက ပါးတို့ဘာသာ ဆုံးဖြတ်လို့ရတဲ့ကိစ္စမဟုတ်ဘူး... ပါးတို့က သူမမိဘတွေကို မေးရဦးမယ်... သူတို့က နောက်ဆုံးဆုံးဖြတ်ရမယ့်သူတွေ... ပါးက ဒီကိစ္စကို ကိုင်တွယ်လိုက်မယ်"

ဝေကျီချင်က ဝေမိသားစုရဲ့နောက်တက်မည့် ခေါင်းဆောင်ဖြစ်သည်။ ဒါပေမယ့် သူ့အချိန်က ရောက်ဖို့လိုသေးသည်။  သူက အရွယ်မရောက်သေးသောကြောင့် တစ်စုံတစ်ယောက်ရဲ့ မိဘဆီသွားပြီး ညှိနှိုင်းဖို့ဆိုသည်က မသင့်တော်ပေ။

***

ထန်းမိုနှင့်ချင်မုယဲ့တို့က သူတို့ပြောတာတွေကို ရှောင်မန်ဟန်ကြားသွားတယ်ဆိုတာ မသိကြသေးပေ။

ရှောင်မန်ဟန်ထွက်သွားပြီး သိပ်မကြာခင်မှာပဲ ယွမ်ကဲချင်ရောက်လာသည်။ အခုလေးတင် ထန်းမိုက ချင်မိသားစုရဲ့မိန်းကလေးနှင့် ပျော်ရွှင်စွာ စကားပြောနေတာကို သူမမြင်လိုက်သည်။ ထန်းမိုနှင့် ချင်မုယဲ့ကစားနေချိန်မှာ ထန်းဝမ်စစ်နှင့် ရှုမင်းကျန်းတို့က သူတို့နှစ်ယောက်ကို အာရုံစိုက်နေကြသည်။

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now